*For Unicode*
" သူများပြောတဲ့စကားတွေကိုလိုက်ပြီးခိုးနားထောင်ရမယ်လို့ မင်းတို့မျိုးနွယ်ကသင်ထားပုံရတယ်နော် Laura Mabel! "
" ဟိုလေ..အဲ့ဒါက.."
" မင်းဘယ်လောက်ထိသိပြီးသွားပြီလဲ "
Jiminရဲ့တည်နေတဲ့မျက်နှာထားနဲ့အတူမေးလာတဲ့အေးစက်တဲ့စကားသံကြောင့်Lauraအခြေအနေမဟန်တော့ကြောင်းကိုယ့်ကိုယ်ကိုယ်သိလိုက်သည်။
" ဟို..ကျွန်မ .."
'အားရှ်ကြောက်ပြီးစကားတွေတောင်မပြောနိုင်တော့ဘူး!စိတ်လျော့ထား စိတ်လျော့ထားLaura Mabel! '
" တဟိုဟိုနဲ့ဘာဖြစ်နေတာလဲ! ငါတို့မေးတာကိုဖြေ မင်းဘယ်အတိုင်းအတာထိငါတို့ပြောတဲ့စကားတွေကိုကြားလိုက်ပြီးပြီလဲ! "
'ဘုရားရေငါ့ကိုနှုတ်ပိတ်တော့မယ်ထင်တယ်အီးးးဟီးးးငယ်ငယ်လေးပဲရှိသေးတယ်သေရတော့မှာလားး ဒါပေမယ့်လည်းနှုတ်ပိတ်မယ့်သူကJiminနဲ့Seokjinဆိုတော့လည်း သေရမှာတန်ပါတယ် ဒါပေမယ့်ငါတကယ့်ကမ္ဘာမှာအစစ်တွေကိုတောင်သွားမတွေ့ရသေးဘူး :( ငါဘာလုပ်ရမလဲ ငါဘယ်လိုလုပ်ရမလဲ!!'
" ကျွန်မ..ကျွန်မမရည်ရွယ်ပါဘူး တကယ်မရည်ရွယ်ပါဘူးရှင်တို့ကညီအစ်ကိုတွေဆိုတာကိုလည်းကျွန်မ မကြားလိုက်ပါ..အဲ..အဲ့လိုမဟုတ်ဘူး စကားမှားသွားတာပါ တကယ်မကြားလိုက်ပါဘူး ကျွန်မတကယ်ဘာမှကိုမကြားတာပါ ယုံပေးပါRoyal Park Jiminနဲ့Julian Kim Jin"
" အဲ့တော့ငါတို့ကညီအစ်ကိုတွေဆိုတာကိုမင်းသိသွားပြီပေါ့? "
Jiminအမေးကို Lauraခေါင်းအတင်းခါကာငြင်းပေမယ့်လည်းJinကတော့မျက်ထောင့်နီကြီးနဲ့Lauraကိုစိုက်ကြည့်နေလေသည်။
" ဟုတ်ကဲ့ "
နောက်ဆုံးတော့lauraအမှန်တိုင်းပဲလိမ်လိမ်မာမာလေးပြန်ဖြေပေးလိုက်တော့သည်။
" တောက်စ်!! "
Kim Jinရဲ့တောက်ခေါက်သံက အခန်းငယ်ထဲတွင်ပဲ့ပြင်သံထသွားသည်။Kim Jinကိုကြည့်လိုက်မိတဲ့အချိန်မှာKim Jinပုံစံကား တဖြည်းဖြည်းနဲ့ယိုစိမ့်ထွက်လာသည့်ဒေါသများအားအံကြိတ်ကာသည်းခံထားပုံပေါ်သည်မို့Lauraသက်ပြင်းကိုအသာလေးချလိုက်မိသည်။
YOU ARE READING
My 7 Alphas
Fanficy/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo