*For Unicode*
“ lauraနင်ဒီနားမကပ်လာနဲ့ ငါတို့တောင်ဒီကောင်ကိုမနည်းထိန်းနေရတာ Lillianနဲ့အတူနေနေ ”
Lauraထိုအနားလျှောက်သွားဖို့ပြင်လိုက်လျှင်ဘဲ
Kim Vရဲ့တားမြစ်သံကြောင့် နောက်ကိုခြေတစ်လှမ်းဆုတ်မိသွားသည်။ထိုအချိန်မှာKim Vရဲ့ဂရုစိုက်မှုကြောင့် Lauraအနည်းငယ်ပြုံးမိသွားသည်။
မသိရင်ခုနကခံစားချက်တွေက lauraကိုယ့်ဟာကိုယ်တစ်ယောက်တည်းကြိတ်ခံစားပြီး ဒရမ်မာခင်းခဲ့ရသလိုပဲ။
အော် လောကကြီးရယ် ဘယ်လိုတွေတောင်ကျီစယ်နေရတာလဲ။ ဆိုးရွားရင်လည်းအဆုံးစွန်ဆုံးထိဆိုးရွားလိုက်စမ်းပါ။
Lauraတိတ်တဆိတ်ရေရွတ်နေပေမယ့်လည်း နဂိုကတည်းက ရှင်သန်နေရတဲ့ဘဝကြီးကဒီလိုပဲဆက်သွားနေဦးမယ်ဆိုတာ lauraသိပြီးသားပါ။
တစ်ခါတစ်လေကျရင် ပြိုလဲကျပြီး ဝမ်းနည်းနိုင်တယ်။အရှုံးပေးရတော့မယ်လို့ထင်တဲ့အထိလည်း စိတ်ဓာတ်တွေကျနိုင်တယ်။ ပြန်မထနိုင်တော့ဘူးထင်တဲ့အထိ မောပန်းနိုင်ပြီး ပြန်ရုန်းမထွက်နိုင်တော့ဘူးထင်တဲ့အထိ စိတ်ပျက်နိုင်တယ်။
ဒါပေမယ့် ဒါတွေက လောကကြီးရဲ့ကျီစယ်မှုသက်သက်ပဲ။နောက်ပြီး လောကကြီးက လူတွေရဲ့ခံနိုင်ရည်တိုးလာအောင် လုပ်ပေးတဲ့ကိစ္စရပ်တွေပေါ့။
အချိန်လေးနည်းနည်းလေးပဲသည်းခံလိုက်မယ်ဆိုရင် ပြိုလဲကျပြီး ဝမ်းနည်းချိန်မှာ မင်းဘာသာမင်းထနိုင်တဲ့အထိခွန်းအားတွေရှိလာနိုင်တယ်။
အရှုံးပေးရမယ်လို့ထင်လာတဲ့အခါမှာ ပန်းတိုင်နဲ့နီးနီးလေးပဲရှိတော့တယ်ဆိုတာ မင်းသိလာရလိမ့်မယ်။မင်းလုပ်မှာ နည်းနည်းလေးသည်းခံလိုက်ရုံပဲ။ ဘဝကြီးက seesawလိုပဲ တစ်ဖက်ကကျလိုက် တစ်ဖက်ကတက်လိုက်နဲ့လိုက် သေချာစဉ်းစားကြည့်တော့ အနည်းငယ်လည်းပျော်ဖို့ကောင်းနိုင်တယ်။Lauraသက်ပြင်းကိုချလိုက်ပြီး Lillianရှိရာဘက်ကိုပြန်လျှောက်ဖို့ပြင်လိုက်ချိန်မှာ စိတ်ရူးဖောက်နေတဲ့အယ်လ်ဖာသတ်သွားခဲ့တဲ့ အိုမီဂါအလောင်းလှုပ်လာတာကို ရုတ်တရက်ခံစားမိလိုက်သည်။
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo