*For Unicode*
“ Julian Kim Jin! ”
“ အင်းကိုယ်ပဲ ”
“ ကူညီပေးလို့ကျေးဇူးပါ ”
Lauraလှိုက်လှိုက်လှဲလှဲနဲ့ကျေးဇူးတင်စကားပြောလိုက်ပေမယ့်လည်း Kim Jinဘက်ကဘာမှတုံ့မပြန်လာတော့ဘဲ မေ့လဲနေသူကိုသာ lauraလက်ထဲကနေယူပြီး ကုန်းပိုးလိုက်သည်။
“ ဒီပန်းရဲ့အဆိပ်ပျံ့တာကမြန်တယ် ငါတို့အမြန်သွားဖို့လိုတယ် နောက်ပြီး မင်းကိုယ်မင်းလည်းသတိထား ဒီပန်းက စိတ်ဖောက်ပြန်အောင်လည်းလုပ်နိုင်တယ် ”
“ ဟမ် အင်း..အဲ့လောက်ထိအန္တရာယ်ရှိတာလား ”
Lauraရဲ့စကားအားပြန်မဖြေလာပေ။အမြန်ပင်ထိုလူကိုသာကုန်းပိုးပြီးတော့ စုဝေးရပ်ဆီကိုပြန်တော့သည်။Lauraကလည်း Kim Jinရဲ့ဘေးကလိုက်ပြီး စုဝေးရပ်ဆီကိုအတူအရင်လိုက်ပြန်လိုက်တော့သည်။
' ပြစ်ဒဏ်မကြီးပါစေနဲ့ပဲဆုတောင်းရမှာပဲ '
Lauraစိတ်ထဲကသာကျိတ်ဆုတောင်းပြီးချွေးပြန်လာရသည်။
စုဝေးရပ်ဆီရောက်တော့အရင်ပြန်ရောက်လာတဲ့သူတို့နှစ်ယောက်ကို ဒိုင်နဲ့အကြီးအကဲတွေကမျှော်လင့်တကြီးနဲ့ကြည့်ကြသည်။ သူတို့ရဲ့မျက်လုံးထဲတွင်အစကတော့ သူတို့ကိုအနိုင်ရသူအဖြစ်မျှော်လင့်စွာကြည့်နေကြပေမယ့် Kim Jinပေါ်က သတိမေ့နေတဲ့လူကိုမြင်လိုက်ရတဲ့အချိန်မှာတော့ သူတို့တွေဟာ lauraတို့ဆီအပြေးလာကြပြီး ထိုလူအား ခေါ်သွားကြတော့သည်။
ကြည့်ရတာ ဒီပန်းအတွက်အဆိပ်ဖြေဆေးတော့ရှိသည်ထင်ပါတယ်။
Kim Jinဟာ ထိုလူကို ချပြီးသွားသည်နှင့်တောအုပ်ထဲသာ ပြန်သွားဖို့လုပ်သည်။
Lauraစိတ်ထဲမှာမကျေမနပ်ဖြစ်သွားသည်။Kim Jinဟာမနေ့ကတည်းကစပြီး lauraကိုသိသိသာသာကြီးကို ရှောင်ဖယ်နေသလိုပင်။
Lauraထိုအရာကိုလုံးဝကြီးခံစားနေမိသည်။
နောက်ပြီး နောက်ထပ်ခံစားချက်ကြီးကတစ်မျိုးကြီး ဝမ်းနည်းတာလား။ မကျေမနပ်ဖြစ်နေတာလား ဆိုတာကိုယ့်ဟာကိုယ်ပင် မသဲကွဲတော့။Lauraလည်းKim Jinနောက်ကိုသာ အသာလေးပြန်လိုက်လာရင်း ပန်းရှိနေသည့် နေရာကိုရောက်သည့်အခါ ထိုလောဘသားကောင်တွေမှာအခုထိ ပန်းကိုရှာမတွေ့နိုင်ကြသေးကြောင်းတွေ့လိုက်ရသည်။
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo