*For Unicode*
“ တော်ပြီ တော်ပြီ ကျွန်မဘယ်သူနဲ့မှမလိုက်တော့ဘူး ”
အမြန်ပင် y/nပြန်ဖြည်လိုက်ရပြီး ဘေးဘီဝဲယာလှမ်းကြည့်မိတော့ ဇာတ်လိုက်မ Lillianကိုတွေ့တာမို့..
“ Lillian!!! Lillian!! ”
ဆွဲကိုင်ထားတဲ့လက်တွေကိုဖြုတ်ချကာလက်လှမ်းပြပြီးအကျယ်ကြီးအော်ခေါ်ကာပြေးသွားလိုက်သည်။နောက်အားလှည့်မကြည့်မိတော့ဘဲအလျင်အမြန်ပင်ပြေးသွားရသည်။
“ Laura Mabelကသွက်လက်တယ် ”
Jinကပြေးသွားတဲ့lauraကိုကြည့်ပြီးမှတ်ချက်ချသည်။
“ အရင်တုန်းကအဲ့လိုမဟုတ်ဘူး။ Julian Kim Jinမင်းကအခုမှlauraကိုသိတဲ့သူပါ မင်းသူ့အကြောင်းကိုဘာမှမသိဘူး ”
“ ကြာရင်သိလာမှာပေါ့ နောက်ပြီးကြာရင်သူကငါ့mateတောင်ဖြစ်လာနိုင်သေးတာ ”
“ ဟက်! ဖြစ်နိုင်တာကိုပြောလိုက် Kim Jin သူ(မ)ကငါ့ကိုကြိုက်နေတာဝန်ခံပြီးသွားပြီ ”
“ အရာအားလုံးပြောင်းလဲနေတာပဲကို Lauraရဲ့စိတ်ကမပြောင်းလဲနိုင်ဘူးထင်နေလား ”
Kim Vတွေဝေသွားသည်။Jinကပြုံးလိုက်ပြီး Kim Vပုခုံးကိုပုတ်ကာထွက်သွားသည်။
ဒါပေမယ့် jinတွေးသလို Vက Lauraသူ့ကိုမကြိုက်တော့မှာစိုးရိမ်၍ တွေဝေသွားခြင်းမဟုတ်။ မနက်ကစပြီး ပြောင်းလဲလာသည့် Lauraရဲ့အမူအရာတွေကြောင့်ပင်ဖြစ်သည်။ဥပမာ- အေးဆေးတည်ငြိမ်ကာသူ့ဟာသူနေတတ်သည့်Laura Mabalကား ခုနက ကလေးတစ်ယောက်လိုခုန်ပေါက်ကာ Lillianဆီပြေးသွားဖို့ဆိုတာ မဖြစ်နိုင်သည့်ကိစ္စတစ်ခုပင်။
~~❤️~~🖤MY 7 Alphas 🖤~~❤️~~
* Laura Mabelကအခုငါ့စီကိုပြေးလာနေတာလား..?? *
ဇာတ်လိုက်မအလှလေးရဲ့ဦးနှောက်ထဲမှာ question markများစွာနဲ့ပြည့်နှက်သည်။lauraတစ်ဖြစ်လဲ y/nကတော့ အခြေအနေကိုနားမလည်သေး။
" Omm .. Laura Mabelဘာဖြစ်လို့လဲ "
“ နင့်ကိုမေးစရာရှိလို့လေ ”
Lillianတစ်ဆင့်ထပ်၍ အံ့ဩသွားရသည်။ ရှိသမျှစာအုပ်တွေအကုန်ဖတ်ကာ ဗဟုသုတသူ့ထက်အဆပေါင်းများစွာကြွယ်တဲ့Laura Mabelက မေးစရာရှိသည်တဲ့လား ။
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo