*For Unicode*
Kim V စိတ်အတော်အတန်တည်ငြိမ်သွားပြီဖြစ်ရာ Lauraနဲ့နှစ်ယောက်Mabelမြို့တော်ထဲသို့ပြန်ရောက်လာကြသည်။
' ပိုးထည်တွေရမယ်! ပိုးထည်တွေ! '
' ဂျုံမုန့်ကင်လတ်လတ်ဆတ်ဆတ်တွေနော် '
Mabelဈေးတန်းတစ်လျှောက်ကိုနှစ်ယောက်သားဘာစကားမှမဆိုမိကြဘဲအတူတူလျှောက်လာကြလေသည်။
ထိုအချိန် ဂျုံမုန့်ကင် ဟူသောထူးထူးဆန်းဆန်းမုန့်နာမည်ကြောင့်Lauraခြေလှမ်းတွေရပ်တန့်သွားသည်။
ထိုဆိုင်ရှေ့ရပ်ကာဂျုံမုန့်ကင်ဟူသောမုန့်ကိုတစ်ချက်ရှိုးကြည့်လိုက်တော့ ပီဇာလိုမုန့်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
' မိန်းကလေး ဂျုံမုန့်ကင်က တစ်ခုမှရွှေ၂ပြားထဲပါ '
“ ဟိတ်လူ အရင်ကစားနေကြက၁ပြားဗျ! ”
Kim Vကဘေးကဝင်ပြောလိုက်သည်။
' အရင်ကဟာနဲ့မတူတာကောင်လေးရယ် '
“ ဘယ်နားကမတူတာလဲအရင်ကထက်တောင်သေးသွားတာမဟုတ်ဘူးလား ”
' ဒီမှာ..မဝယ်ချင်ရင်နေငါ့စီးပွားရေးတုတ်နဲ့လာမထိုးကြနဲ့လာဝေမဖန်ကြနဲ့ '
“ ခင်ဗျားလုပ်ပုံနဲ့ဒီတစ်သက်ကြီးပွားဦးမှာပဲ ”
' ဒီMabelတစ်မြို့လုံးမှာ ဒီဂျုံမုန့်ကင်ကိုလုပ်တတ်တာ ငါတစ်ယောက်ပဲရှိတယ်ကြိုက်တဲ့ဆိုင်သွားစားလိုက် '
“ ရတယ်လေ.. ”
“ တော်ပါတော့Kim Vရယ် ငါစားချင်လို့ဝယ်တာပါ၂ပြားဆိုလည်း၂ပြားပေါ့ ”
ရွှေလေး၁ပြားအတွက်ရန်ဖြစ်နေတဲ့ကိုယ်တော်ချောကိုLauraဝင်တားလိုက်ရသည်။Kim Vရဲ့အခုပုံစံကကလေးဆိုးကြီးတစ်ယောက်လိုချင်တာမရလို့ရှိသမျှပတ်ရမ်းနေပုံပေါက်ပြီး ရယ်ချင်ပေမယ့် တကယ်ဝမ်းနည်းနေတာကိုလည်းသိတော့Lauraမရယ်ရက်ပါ...။
ကိုယ်တစ်သက်လုံးမိဘလို့မှတ်ယူထားတဲ့သူတွေကနေ့ချင်းညချင်းဘာမှမတော်စပ်တဲ့သူစိမ်းတွေဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ သူဘယ်လောက်တောင်ခံစားလိုက်ရမလဲ..။
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo