* For Unicode*
“ အဆင်ပြေတယ်မလား ဝံပုလွေမလေး ”
Lauraအခုန်မြန်နေတဲ့သူ့ရဲ့ရင်ခုန်သံတွေကို
RMမကြားရအောင် အကျယ်ကြီးအော်ဖြေမိလိုက်သည်။“ အင်း !! ”
“ မင်းသိလား မင်းအခုချိန်မှာဘယ်လောက်တောင်လှနေလဲဆိုတာ ”
မှန်သည်။Lauraပုံစံအလွန်ပင်လှပနေသည်။
ပြေးထားရတဲ့အရှိန်ကြောင့် မျက်တောင်ရှည်ကြီးတွေတွင် ချွေးပေါက်လေးတွေတွဲလွဲခိုနေသည်။
နှုတ်ခမ်းလေးဟာလည်းသာမန်ထက်ပိုကာနီရဲလို့နေသည့်အပြင် RMကြောင့်သူရဲ့ပါးနှစ်ဖက်ထက်တွင်လည်း ခရမ်းချဉ်သီးလုံးလေးများတင်ထားသလို အလွန်ပင်နီရဲနေသည်။RMရဲ့စကားကြောင့် Lauraရှက်သွားကာ အခုလိုအနေခက်ရတဲ့အခြေအနေကြီးကနေရုန်းထွက်ဖို့အတွက် အမြန်ကုန်းရုန်းပြီးထလိုက်သည်။
RMဟာလည်းထလာပြီး ပြုတ်ကျနေသည့်သူ့ရဲ့လေးကိုပြန်ကောက်ကာ ပေသွားတဲ့ဖုန်တွေကိုအသာသုတ်လိုက်သည်။
Laura Mabelသည်RMအား သေချာစွာစိုက်ကြည့်မိလိုက်သည်။ အရပ်ရှည်ကြီးနဲ့အတူပြန့်ကားနေတဲ့ရင်အုပ်ကျယ်တွေ ခုနက သူပြိုလဲကျသွားတာ ထိုရင်အုပ်ကျယ်ကြီးထဲကိုပေါ့။
တွေးနေရင်းအရှက်ပိုသည်းလာကာ အရှက်ပြေသေနေပြီဖြစ်တဲ့တောဝက်နားသွားကာ ခြေထောက်နဲ့ကန်လိုက်သည်။
' အခုတော့ သေသွားပြီမလားဟမ် ငါ့ကိုအသေသတ်ဖို့ကြိုးစားခဲ့တဲ့အကောင် ငါကလူလေ နင့်ထက်အသိဉာဏ်ပိုရှိတယ် နင်ဘယ်တော့မှ ငါ့ကိုနိုင်မှာမဟုတ်ဘူး ကြားလား တောဝက်စုတ် '
တောဝက်ကြီးမှာတော့ မြေကြီးပေါ်တွင်လုံးဝကိုငြိမ်သက်လို့နေခဲ့ပြီ။Lauraရဲ့ ကလေးဆန်ဆန်စကားများကိုကြားလျှင်တောင် ခုနကလို ချိုနဲ့လိုက်မဝှေ့နိုင်တော့ပေ။
“ ဟေး သေသွားပြီလေကွာ Lauraရယ် ”
RMက Lauraနားလာရပ်ပြီးပြုံးကာဆိုသည်။
“ ဘာပဲဖြစ်ဖြစ် ကျွန်မမှာပြေးလိုက်ရတာ သေမတတ်ပဲ ရှင်သာမကယ်ရင်ကျွန်မတော့တကယ်ကိုသေပြီထင်တာပါပဲ ”
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo