EP-9(Laura Mabel but not like Laura Mabel)

1K 120 11
                                    

*For Unicode*

ဘယ်သူလဲ ဆိုတာကိုသေချာပေါက်သိချင်နေတဲ့Kim Vမျက်ဝန်းညိုတွေကား အနက်ရှိုင်းဆုံးသော ရေကန်သဖွယ်ဖြစ်လို့နေသည်။

Kim Vရဲ့ဒေါသအငွေ့အသက်တွေပါLauraခံစားလိုက်ရသည်မို့ သူ့ရဲ့စိတ်ထဲမှာ တကယ့်lauraကိုစိတ်ပူပြီး ‌အခုy/nဝင်ထားတဲ့lauraအပေါ် ဒေါသထွက်နေကြောင်း အတပ်သိလိုက်ရသည်။

“ မေးနေတယ်လေ မင်းက ဘယ်သူလဲ ”

“ Laura, Laura Mabel ”

“ မလိမ်နဲ့ ! ”

“ Kim V! ဘာလို့ ငါ့ကိုမယုံရတာလဲ Vနင်တကယ်မယုံဘူးလား ငါကlaura mabelဆိုတာကို”

“ မယုံဘူး ”

Kim Vကပြောလိုက်ကာ Lauraကိုစိုက်ကြည့်လို့လာသည်။

“ မယုံလဲနေ ဖယ် ငါ့လမ်းကနေ ”

Kim Vကိုတွန်းဖယ်ပေမယ့်လည်း သာမန်betaလေးက Alphaတစ်ယောက်ရဲ့အားကို ယှဉ်နိုင်မည်တဲ့လား။

“ အရင်ကLaura Mabelဘယ်မှာလဲ ”

“ နင့်ရှေ့မှာရှိနေတာက Laura Mabelပဲ နင်ယုံ"မယုံ" ဂရုမစိုက်ဘူး အခုငါသွားစရာရှိတယ် ငါ့ရှေ့ကဖယ် ကြာလာရင်အပြန်မိုးချုပ်သွားလိမ့်မယ် ”

Kim Vရဲ့မျက်လုံးထဲကို သေချာစိုက်ကြည့်ကာပြောလိုက်တော့ သူ့ရဲ့မျက်လုံးထဲမှာ သံသယစိတ်တွေအနည်းငယ်လျော့သွားပြီး ဇဝေဇဝါဖြစ်ပြီးစိတ်ရှုပ်သွားဟန်ပေါက်သွားသည်။

Lauraလည်းဘာမှပြန်မပြောဝောာ့ဘဲ သူ့ကိုဖယ်ကာ ရေကန်ရှိရာကိုဆက်သွားတော့သည်။ထိုအချိန်

“ Laura! နင်ရေကန်ထဲမှာ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ ”

Kim Vကလှမ်းပြောလိုက်သည်မို့laura Kim Vဘက်ပြန်မလှည့်သေးဘဲ တိတ်"လေးခိုးပြုံးလိုက်သည်။

* သူ ငါ‌lauraမှန်း ယုံကြည်သွားတာပဲ *

“ Laura..! ”

Lauraကပြန်မလှည့်လာသေး၍ Lauraနာမည်ကိုထပ်ခေါ်လာသည်။ထို့ကြောင့် Lauraလည်းရုပ်ပြန်တည်လိုက်ပြီး..

“ ငါပြောရင်ရော နင်ကယုံမှာမို့လို့လား ”

“ ပြောကြည့်...မဟုတ်ဘူး..ငါအခုနင်နဲ့လိုက်ခဲ့မယ် ”

My 7 AlphasWhere stories live. Discover now