*For Unicode*
“ အဆင်ပြေရဲ့လား ကောင်မလေး ”
နူးညံ့တဲ့အထိအတွေ့နဲ့ seokjinညင်သာစွာမေးနေပေမယ့် y/nမှာတော့ ငေးကောင်းတုန်းပင်။
“ ဟိတ်! ကောင်မလေး ကိုယ်မေးနေတယ် ”
“ အာ...ဟုတ်..ဟုတ်အဆင်ပြေပါတယ် ”
Seokjinပွေ့ထားတဲ့လက်ကိုဖယ်လိုက်ပြီး
y/nအထစ်ထစ်အငေါ့ငေါ့နဲ့ပြောလိုက်မိသည်။“ ရုတ်တရက်ကြီးဆိုတော့ လန့်သွားတဲ့ပုံပဲတကယ်အဆင်ပြေရဲ့လား ”
“ တကယ်ပြေပါတယ် ”
“ ဝတ်စုံက..? မြှားပစ်ပြိုင်ပွဲလာတာလား မင်းလေးက ”
“ ဟုတ်ပါတယ်.. y..အဲ Laura Mabelပါ ”
“ ကိုယ်က Julian Kim Jinပါ မင်းက betaမလား ဒါပေမယ့် မြှားပစ်ပြိုင်ပွဲမှာဝင်ပါနိုင်တယ်ဆိုတော့ မင်းက အရမ်းတော်တာပဲ ”
ဟုတ်သည်။မူလLaura Mabelကား အရမ်းတော်သည့်betaမလေးတစ်ယောက်။ omegaတစ်ယောက်နီးပါးလှ၍ Alphaတစ်ယောက်နီးပါးစိတ်ဓာတ်မာကျောသည်။ဓားသိုင်း၊မြှားပစ်၊အတိုက်အခိုက်အကုန်တော်သည်။တကယ်ကိုထက်မြက်သည့်မိန်းကလေးတစ်ယောက် သူမသာဗီလိန်မဖြစ်ခဲ့ရင် Vနဲ့ညားနိုင်ချေရှိသည်။သို့ပေမယ့် သူ(မ)ရဲ့မနာလိုစိတ်တွေ လက်စားချေစိတ်တွေကသာ မလွှမ်းမိုးခဲ့ရင် ဇာတ်လမ်းရဲ့အဓိကဗီလိန်ဖြစ်လာစရာအကြောင်းမရှိ။ ဗီလိန်ဖြစ်လာတော့လည်း သူ(မ)ဟာ သူ့ရဲ့ပုံစံအတိုင်းအကောင်းဆုံးဆိုးသွမ်းနိုင်ခဲ့သည်။ အစပိုင်းမှာသူက y/nအကြိုက်ဆုံးဇာတ်ကောင်ဖြစ်ပေမယ့် ဗီလိန်အဖြစ်ကူးပြောင်းသွားချိန်မှာ ရှေ့ဆုံးကဆဲတာလဲ မိy/nပင်ဖြစ်သည်။
အခုy/nဖြစ်နေပြီဖြစ်သည့် Laura Mabelကား ဘာဆိုဘာမှမရသေး။အခုလိုတော်သည်ဟုချီးကျူးခံရသည်ကလည်း မူကဇာတ်ကောင်ပုံစံကြောင့်ပင်ဖြစ်သည်မို့ Jinချီးကျူးလိုက်သည်ကို
y/nမခံယူရဲပေ။“ မဟုတ်ပါဘူး တော်တယ်လို့မဆိုရလောက်ပါဘူး”
“ နှိမ့်ချစိတ်လည်းရှိတာပဲ Mabelမျိုးစိတ်ကအတော်တွေကြီးပါပဲလား ကိုယ်က ရှားပါးမျိုးစိတ်Omegaမလေး Lillian Mabelကိုအဓိက လာကြည့်တာလေ ”
YOU ARE READING
My 7 Alphas
Fanficy/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo