EP-6( Why did you choose me?)

1K 100 16
                                    

*For Unicode*

“ La..laura.. ဘာလို့ငိုနေရတာလဲ ”

ကလေးလေးတစ်ယောက်လိုငိုနေတဲ့lauraကို Vရော Sugaကရော Lillianကပါနားမလည်နိုင်။
အထူးသဖြင့် Vနှင့် Lillianကပိုဆွံ့အလို့နေသည်။
Laura Mabelလိုမိန်းကလေးမျိုးကဒီလိုငိုဖို့မပြောနဲ့ သူတို့ရှေ့မှာ မျက်ရည်တစ်စက်တောင်မကျခဲ့ဖူးအောင်မာကျောလွန်းတဲ့မိန်းကလေးလေ။

Vရဲ့စိတ်ထဲမှာ မတင်မကျဖြစ်သွားသည်။ဒါကသူသိတဲ့lauraလုံးဝမဟုတ်။ Lauraနဲ့lillian ရေကန်ထဲအတူတူကျသွားပြီးနောက်ပိုင်း lauraမှာထူးဆန်းတာတွေဖြစ်လာခဲ့သည်။ Vထိုရေကန်မှာထူးခြားမှုရှိမရှိစုံစမ်းရန် သေချာပေါက်ကို တေးမှတ်ထားလိုက်တော့သည်။

“ ဟုတ်ပြီ မင်းမလုပ်ဘူးထားတော့ အခုက Lillianရဲ့ဒဏ်ရာကိုဆေးထည့်ပေးရဦးမယ် နောက်မှငါတို့ဆက်ဖြေရှင်းကြတာပေါ့ ”

Sugaက ပြောလိုက်ကာ ဇာတ်လိုက်မကိုပွေ့ချီလိုက်သည်။

" Agust Minကျွန်မကို မချီပါနဲ့ "

“ မင်းအားနာစရာမလိုဘူးLillian ကိုယ်မင်းကို မင်းရဲ့တဲအထိလိုက်ပို့ပေးမယ် ”

" ဒါပေမယ့် ပြိုင်ပွဲချိန်ကနီးနေပြီ "

“ မင်းလောက်ဘယ်ဟာမှအရေးမကြီးဘူး ”

* အော် ဇာတ်လိုက်မဆိုတဲ့အတိုင်းပါပဲလား အခုကတည်းက သဲ"လှုပ်ခံနေရပြီ *

ငိုနေရင်းနဲ့တောင်y/nမှာ ဇာတ်လိုက်မကိုအားကျမိသွားလေသည်။

“ မလိုဘူး Mabelမျိူးနွယ်ကလူကို Mabelမျိူးနွယ်ဖြစ်တဲ့ကိုယ်ပဲဂရုစိုက်လိုက်မယ် ”

Vက Lillianကိုလည်းလက်လွှတ်မခံ။

' ဇာတ်ကြောင်းအတိုင်းပြန်သွားနေပြီhost! '

* ငါသိတယ် ဒါပေမယ့် ငါဘာလုပ်ရမှာလဲ တကယ်ပဲဘာလို့ငါ့လိုငတုံးငအမလေးကိုမှ hostအဖြစ်ရွေးခဲ့တာလဲ ဒီအတိုင်းဆို missionကရှုံးဖို့ကျိန်းသေနေပြီ *

Y/nဝမ်းနည်းစွာပြောလိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ် မသေချာမရေရာနေတဲ့ဇာတ်လမ်းကြီးကိုပြောင်းလဲဖို့ဆိုတာ သူ့အတွက်လုံးဝမဖြစ်နိုင်။အထူးသဖြင့် သူ့လို 16နှစ်အရွယ်ကောင်မလေးအတွက်ပေါ့။ဇာတ်လမ်းထဲက ခန္ဓာကိုယ်ကား အရွယ်ရောက်ပြီးသားမိန်းမပျိုလေးရဲ့အရွယ်အစားဆိုပေမယ့် y/nရဲ့မူလစိတ်ကား သာမန်16နှစ်မျှသာ...။

My 7 AlphasWhere stories live. Discover now