*For Unicode*
Kim Vဟာဒေါသတကြီးနဲ့Lauraရဲ့နှုတ်ခမ်းများကိုစုပ်နမ်းနေသည်။
Lauraလည်းတွန်းကန်နိုင်တဲ့အားမရှိသောကြောင့်Kim Vမလွှတ်ပေးမချင်းလွတ်နိုင်မှာမဟုတ်တဲ့လှောင်အိမ်ထဲကကြွက်ကလေးလိုပင်ဖြစ်နေသည်။အချိန်များကြာနေတာလား..မြန်နေတာလားတောင်Lauraမစဉ်းစားနိုင်တော့...။
အတင်းအကျပ်ကြီးဖြစ်နေသလိုခံစားရ၍ Lauraမျက်ရည်များဝဲတက်လာသည်။တဖြည်းဖြည်းအောက်ဆီဂျင်များပါပျက်တောက်သွားတော့မလိုခံစားရပြီးမောလာသည်။
“ အ့! ”
Lauraရဲ့အောက်နှုတ်ခမ်းအားKim Vကသူ့သွားထက်ထက်များဖြင့်မညှာမတာကိုက်ပစ်လိုက်ကာ
ပြင်းရှတဲ့အနမ်းအားအဆုံးသတ်လိုက်သည်။သူ့ရဲ့မျက်လုံးတွေကမှိုင်းညို့ညို့ဖြစ်နေပြီးဒေါသကြောင့်အနီရောင်ပင်ဖြစ်သွားတော့မလိုဖြစ်နေသည်။
" Kim..Vငါ..ငါထိန်းချုပ်လို့မရတော့ဘူး..
ဝောာင်းပန်ပါတယ်.. "ဇာတ်လိုက်မရဲ့အသံတိုးတိုး။Kim Vရဲ့အသက်ရှုသံပြင်းပြင်းတွေကသာLauraနားစည်ကိုလာရိုက်ခတ်နေသည်။
ထိုအချိန်Kim VကLauraကိုတွန်းထုတ်လိုက်သည်။
“ အ့ ”
တွန်းထုတ်တဲ့အားပြင်းမှုကြောင့်လှေပါတစ်ဖက်စောင်းသွားပြီးရေအနည်းငယ်ဝင်လာသည်။
" ဟ့...ဘာဖြစ်နေကြတာလဲ..ငိုးး..rutလားဟ လှေပေါ်မှာrutလာဖြစ်နေတာလား.. "
လှေသမားဟာလည်းထိုအခါကျမှအခြေအနေကိုရိပ်စားမိသွားသည်။
" မင်းတို့Alphaတွေအရမ်းဇာတ်လမ်းရှုပ်လွန်းတယ်..ထိန်းချုပ်ဆေးမပါဘူးလား "
“ ခင်ဗျားပါးစပ်ကိုပိတ်လိုက်..!! ေ
ာက်betaကောင်!! ”Kim Vရဲ့အသံဟာဂျွန်နရီမြစ်ရေစီးသံများကိုတောင်ဖုံးလွှမ်းသွားကာလှေသမားbetaကောင်လည်းပါးစပ်ပိတ်သွားသည်။
Lauraကတော့လဲကျနေရာကနေပင်ပြန်မထနိုင်သေးဘဲမျက်ရည်များစီးကျလာသည်။
နှုတ်ခမ်းကလည်းနာကျင်နေသည်။
တစ်ကိုယ်လုံးလည်းနာကျင်နေသည်။
နမ်းခြင်းဆိုသည်မှာLaura..y/nဘဝတုန်းကကြည့်ခဲ့တဲ့dramaများထဲကလိုလည်းမချိုမြိန်နေပါ...နာကျင်နေတာပဲသိတော့သည်။
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo