EP-2(About the book)

1K 99 18
                                    

*For Zawgi*

‘ အန်ဂျလော်ရီလို့ခေါ်တဲ့ နိုင်ငံမှာ Alpha Omegaနဲ့Betaဆိုပြီး ခွဲခြားထားခဲ့ကြသည်။ ဒီကမ္ဘာက ယောကျာ်းမိန်းမဆိုတာ မရှိဘူး Alphaဆိုရင် ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်တန်းတူပဲ Alphaဆိုတာနဲ့ကိုသူက ဦးဆောင်သူပဲ
Alphaတွေက သန်မာတယ် ခွန်အားကြီးတယ် wolf formအနေနဲ့ မီးခိုးရောင်အမွှေးရှည်ကြီးတွေနဲ့ကြီးမားတဲ့ခန္ဓာကိုယ်တွေ ပြောင်းလဲနိုင်ကြတယ်။

Betaကတော့သာမန်လူတန်းစားပဲ သူတို့ကထူးခြားချက်မရှိဘူး ခေါင်းဆောင်လို့မရဘူးလို့လည်းမဟုတ်ပေမယ့် betaတွေကခေါင်းဆောင်ချင်ရင် သူတို့ရဲ့အဖွဲ့က Alphaကိုနိုင်အောင်တိုက်ခိုက်နိုင်မှရမည်။wolf form အနေနဲ့တော့ အညိုရောင်အမွှေးရှည်တွေ သာမာန် ဝံပုလွေပုံစံတွေပိုင်ဆိုင်နိုင်ကြတယ်။

Omegaကတော့ အလှပဆုံးမျိုးစိတ်တွေပဲ။သူတို့နူးညံ့တယ် သိမ်မွေ့တယ် Omegaဆိုရင် ယောကျာ်းဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ်ဝန်ဆောင်နိုင်တယ်။အင်အားကြီးAlphaတွေအတွက်အကောင်းဆုံး လက်တွဲဖော်တွေပဲ။ သူတို့ရဲ့ wolf formကိုကလှသည်။အဖြူရောင်အမွှေးရှည်ကြီးတွေမှာ ပြာလဲ့လဲ့မျက်လုံးတွေဟာ သူတို့ရဲ့လှပမှုတွေပဲ။

ထိုသုံးမျိုးအပြင် အဓိကကျတဲ့ မျိုးစိတ်နှစ်ခုထပ်ရှိသေးတယ်။အဲ့တာ အင်အားကြီးAlphaနဲ့ ရှားပါးမျိုးစိတ်Omegaပဲ။

အင်အားကြီး Alphaဆိုတာက female Alphaနဲ့male Alphaဆီကမွေးလာတဲ့Alphaသွေးစစ်စစ်ပဲ။ သာမန်Alphaတွေထက်နှစ်ဆအားပိုကြီးတယ်။ပိုပြီးကြံ့ခိုင်တယ်။ပိုပြီးခေါင်းဆောင်နိုင်စွမ်းတွေရှိတယ်။ အင်အားကြီးAlphaတစ်ယောက်က သာမန်Alpha 10ယောက်အားနဲ့ညီမျှတယ်။
သူတို့ရဲ့Wolf formကလည်း အရမ်းမိုက်တာ အနက်ရောင်အမွှေးရှည်ကြီးတွေနဲ့ ပိုပြီးသန်မာကြံ့ခိုင်ကြတယ်။

ရှားပါးမျိုးစိတ်Omegaတွေကတော့ omegaနဲ့အင်အားကြီး Alphaဆီကမွေးလာတဲ့omegaကိုပြောတာ။ထိုomegaတွေရဲ့ wolf formဟာ နှင်းတွေလိုဖြူစင်နေပြီး မျက်လုံးတွေကား ကြည်လဲ့နေသည့်ပင်လယ်ပမာပဲ။သာမန်omegaတွေထက်အဆပေါင်းများစွာပိုလှကာ သာမန်omegaတွေထက်လည်း ပိုသန်မာလှတယ်

My 7 AlphasWhere stories live. Discover now