EP-45(Come back home!)

841 84 61
                                    

*For Unicode*

မိုးစင်စင်လင်းပြီဖြစ်သည်။
ညတုန်းကအဖြစ်အပျက်တွေကားအိပ်မက်တစ်ခုလိုသာဝေဝေဝါးဝါးဖြစ်နေပေမယ့်အမှန်တကယ်ကြီးသေတော့မလိုဖြစ်ခဲ့တာတွေလေ...။

Lauraမျက်လုံးဖွင့်လိုက်ပြီးအိပ်ရာပေါ်ကနေထလိုက်သည်။

ဘေးကကုတင်ကိုကြည့်လိုက်တော့ဇာတ်လိုက်မတောင်မရှိတော့...။

ဘာ...ဘယ်နှနာရီတွေတောင်ရှိနေပြီလဲ!?

မှန်ထဲကြည့်ကာဆံပင်ဘာညာဖြီးလိုက်ပြီးမျက်နှာသစ်သွားတိုက်လိုက်သည်။

ထို့နောက်အခန်းအပြင်ဘက်ကိုထွက်လိုက်တော့..
စံအိမ်တစ်ခုလုံးကလိုက်ကာတွေဟာအကုန်အဖြူရောင်ဖြစ်နေလေသည်။

" Laura!! သခင်မကြီးညတုန်းကဆုံးသွားပြီတဲ့
Julianတစ်မြို့လုံးအဖြူရောင်တွေဝတ်ပြီးဝမ်းနည်းမှုကိုကိုယ်စားပြုနေကြတယ်  တော်ဝင်အသုဘအခမ်းအနားလုပ်ကြမှာတဲ့ "

“ အမ်...အေး‌အေး ”

" ဒါပေမယ့်ငါတို့ကအခုပဲအိမ်ပြန်ရတော့မယ်Julianသခင်ကြီးက ငါတို့အတွက်လှေတွင်စီစဉ်ထားတာ ဂျွန်နရီမြစ်တစ်လျှောက်ထိလှေနဲ့ခရီးဆက်ပြီးကျန်တဲ့ခရီးအတွက်လှည်းပြင်ဆင်ပေးထားတယ် "

“ အိမ်လား...ဘယ်အိမ်..”

" နင်အခုထိသတိမရသေးတာငါမေ့သွားတယ်
Mabelမြို့တော်ကိုငါတို့ပြန်ရတော့မှာ ထပ်အချိန်ဆွဲလို့လည်းမဖြစ်တော့ဘူး နောက်ပြီး..ငါ့heat cycleကနီးနေပြီအခုတောင်ငါ့pheromonesတွေထိန်းချုပ်ရခက်နေတာဆက်နေရင်ပိုအန္တရာယ်များသွားမှာ "

' ဟင်...အဲ့တာဆိုရင်...ပီ...အခန်းမပါတော့ဘူးလား '

* Hostရေစိတ်လေးဘာလေးထိန်းပါ *

' အေးပါဟယ်ငါကဒီအတိုင်း ...ပီ..ပါမပါသိချင်လို့ဟာ အားရှ်!! တပီပီနဲ့လုပ်ပြန်ပြီတော်ပြီတော်ပြီဆက်မတွေးတော့ဘူး!! '

Lauraလည်းအမြန်အဖြူရောင်ဝတ်စုံကိုဝင်လဲလိုက်ပြီးပစ္စည်းတွေယူကာပြန်ထွက်လာလိုက်သည်။

ဇာတ်လိုက်မကားအဖြူရောင်လေးနဲ့လည်းတစ်မျိုးလှလို့နေသည်။ဘာဝတ်ဝတ်ကိုလှနေခြင်းပင်။Lauraသာဗီလိန်အဖြစ်ကူးပြောင်းလာတာမဟုတ်ဘူးဆိုလျှင်ဇာတ်လိုက်မကိုပဲတစိမ့်စိမ့်စိုက်ကြည့်နေမိမှာပင်။

My 7 AlphasWhere stories live. Discover now