EP-43(It's Win or Fail..?)

695 94 51
                                    

*For Unicode*

' ဓားတိုလေးဖြစ်စမ်း..! '

' မဟုတ်ဘူး...မဟုတ်ဘူး...မြားဖြစ်စမ်း! မြားဖြစ်လိုက်စမ်း...ဟာ...လုပ်ပါမြားလေးဖြစ်လိုက်စမ်းပါ '

' မြားကကြီးနေလို့လား...အဲ့ဒါဆိုအပ်ဖြစ်ကြည့်ပါလား အပ်လေးလေ..သေးသေးလေးပဲဟာကို..
အပ်ဖြစ်လိုက်စမ်း...အပ်ဖြစ်လိုက်စမ်း..! '

၁နာရီကျော်၂နာရီနီးပါးထိုကဲ့သို့စိတ်ထဲကရေရွတ်နေပေမယ့်လည်း
လက်စွပ်ကားတုတ်တုတ်မှပင်မလှုပ်လာသည်ကLauraကိုလှောင်ရယ်နေသလို...ဒီလိုခေါင်းမာချက်ကဘယ်သူနဲ့တူနေတာပါလိမ့်...။

*သေချာပေါက်Hostဆိုတာပြောဖို့လိုသေးလို့လား*

'အမလေးလန့်လိုက်တာ..အသေးလေးရယ်နင်မပေါ်လာတာကြာတော့မေ့တောင်မေ့နေပြီ'

*ဒါကတော့Hostကအခုဒီမှာအတော်လေးအဆင်ပြေနေ‌ပြီလေ..ကိုယ့်ဘာသာကိုယ်တောင်သဲလွန်စတွေရှာတတ်နေပြီမဟုတ်ဘူးလား..ကျွန်တော်ကပြစ်ဒဏ်တွေ၊မစ်ရှင်တွေကြေညာပေးဖို့ပဲကျန်တော့တာလေ..*

' မစ်ရှင်တွေပဲပေး‌စမ်းပါ..ပြစ်ဒဏ်တွေမလိုချင်ပါဘူး '

* Hostမစ်ရှင်အောင်မြင်သွားရင်ပြစ်ဒဏ်ပေးစရာမလိုတော့ဘူးပေါ့ Fighting host! *

ခရမ်းရောင်လှုပ်တုပ်လှုပ်တုပ်လေးကမြင်ကွင်းကနေပျောက်သွားတာမို့Lauraစိန်ပန်းပြာကိုထိန်းချုပ်ခြင်းအမှုကိုပြန်ပြုလိုက်သည်။

' လုပ်စမ်းပါစကားနားထောင်လိုက်စမ်းပါ ဂါထာတွေဘာတွေရွတ်ရဦးမှာတော့မဟုတ်ဘူးမလား..အားးရှ် ရူးတော့မှာပဲ '

Lauraအိပ်ရာပေါ်သို့စိတ်ပျက်စွာလှဲချလိုက်သည်။သူကဒီလောက်လေးတောင်အသုံးမကျတဲ့လူလား...။ဟင့်အင်းမဟုတ်ဘူး။

' ငါရအောင်လုပ်ပြမယ်ဒီတစ်ခေါက်missionကိုငါသေချာပေါက်အောင်မြင်အောင်လုပ်ပြမယ်! '

Lauraစိတ်ကိုပြန်တင်းလိုက်ကာပြန်ထလိုက်ပြီး လက်စွပ်ကိုစိုက်ကြည့်ကာ..စိတ်ထဲကနေပြင်းပြင်းပြပြနဲ့မြားအဖြစ်ပြောင်းသွားစေဖို့စေခိုင်းလိုက်သည်။

ခရမ်းရောင်အလင်းတန်းများကလွဲရင်လက်စွပ်ကလက်စွပ်ပဲဆက်၍ဖြစ်နေသည်မို့Lauraဒေါသထွက်သွားသည်။

My 7 AlphasWhere stories live. Discover now