EP-59(Give Me Laura Mabel)

526 75 10
                                    

*For Unicode*

" ဟမ် ငါ့ကို "

" သေချာပေါက်ကျွန်တော့်မှာNoonaကလွဲရင်ဘယ်သူရှိသေးလို့လဲ "

" Ian..အရမ်းမြန်လွန်းနေတယ် "

Ianကသူ့ရဲ့ယုန်သွားလေးတွေပေါ်အောင်ရယ်သည်။

" Noonaကိုပိုင်ဆိုင်ရဖို့နောက်တောင်ကျနေတာပါNoona..အခုကျွန်တော်နဲ့အတူဝေါယာဉ်ပေါ်တက်ခဲ့ပါ..Mabelမြို့ကသခင်ကြီးကိုတော့အကျိုးအကြောင်းသွားပြောသင့်တယ်လေ "

Ianပုံစံကတကယ်ပင်အလျင်လိုနေပုံရသည်။လူတွေအကုန်လုံးဝိုင်းကြည့်နေကြချိန်မှာLauraဘာလုပ်ရမှန်းမသိအောင်လမ်းစပျောက်နေသည်။

" ဘာလုပ်တာလဲVenus Jeon Ian! "

လူအုပ်ကြားထဲမှKim Vထိုးထွက်လာပြီးလှမ်းအော်လိုက်သည်။

" ဘာလုပ်ရမှာလဲဗျာ Noonaကိုလာခေါ်တာပေါ့Noonaက ကျွန်တော်နဲ့လိုက်ရင်သေချာပေါက်Venusရဲ့သခင်မဖြစ်လာမှာ "

" Lauraကမင်းနောက်ကိုလိုက်မယ်ထင်နေတာလား "

" သေချာပေါက်ပေါ့ "

အခြေအနေတွေကတဖြည်းဖြည်းတင်းမာသွားသည်။လူအုပ်ကြားထဲကဇာတ်လိုက်မကပါ ထွက်လာပြီးLauraနားတွင်လာရပ်သည်။

" ဘာတွေဖြစ်ကုန်တာလဲLaura "

" ငါလည်းသေချာမသိတော့ဘူး "

" မင်းမှာက ရှားပါးမျိုးစိတ်အိုမီဂါလေးရှိပြီးသားပဲKim V... Noonaလိုသာမန်betaတစ်ယောက်ကိုလက်မလွှတ်နိုင်စရာအကြောင်းမရှိဘူးမလား"

" Lauraကငါချစ်ရတဲ့သူပဲ Lillianကငါ့အတွက်သူငယ်ချင်းသက်သက်ပဲဒီမှာbetaတွေomegaတွေဆိုတဲ့genderတွေမလိုဘူး "

" ဟုတ်တယ်Jeon Ian! ကျွန်မနဲ့Kim Vကသူငယ်ချင်းသက်သက်ပဲမို့ လိုက်ပြီးမစွပ်စွဲပါနဲ့"

" ကျွန်တော်ကတော့စကားရှည်ရှည်ဝေးဝေးတွေပြောနေမှာမဟုတ်ဘူး Noonaအခုချက်ချင်းကျွန်တော်နဲ့လိုက်ခဲ့ပါ "

IanကLauraရဲ့လက်ကိုဆွဲကိုင်လိုက်ကာတင်းတင်းကျပ်ကျပ်ဆုပ်ထားသည်။သူဆုပ်ကိုင်ထားသည့်အားကပြင်းလွန်း၍Lauraရဲ့လက်ကောက်ဝတ်တစ်ခုလုံးတစ်ခဏအတွင်းနီရဲလို့သွားသည်။

My 7 AlphasWhere stories live. Discover now