Ep-48(The Third Mission)

698 78 29
                                    

*For Unicode*

" ဖေ...ဖေဖေလား....? "

" Lauraလေး.. "

ထိုအမျိုးသားလှလှလေးကLauraမေးလိုက်တဲ့စကားကြောင့်Lauraကိုမျက်ရည်ကြည်များဝေ့သီနေတဲ့မျက်ဝန်းလှလှလေးနဲ့တအံ့တဩစိုက်ကြည့်လာသည်။

" သမီးကိုယ့်အဖေကိုယ်တောင်မမှတ်မိတော့ဘူးလား..! သခင်ကြီးကိုသွားခေါ်ကြစမ်း!! "

Lauraပြဿနာတစ်ခုခုဖြစ်တော့မယ်လို့စိတ်ထဲကနေကြိုသိနေသည်။ထို့‌ကြောင့် ထိုပြဿနာထဲကဘယ်လိုရုန်းထွက်ရမလဲဆိုတာကြိုပြီးအသည်းအသန်စဉ်းစားနေမိသည်။
ထိုအချိန်Lauraအကြောင်းအရာတစ်ခုကိုဖြတ်ခနဲသတိရသွားသည်။

' ဟာ..ငါကအတိတ်မေ့နေတာပဲဟားဟား '

" ဘာဖြစ်တာလဲအချစ် "

" မောင်...သမီးက အချစ်ကိုမမှတ်မိဘူးလို့ပြောနေတယ် "

သုံးလိုက်တဲ့အသုံးအနှုန်းတွေကြောင့်Lauraရင်ထဲမှာပုလင်းကွဲတွေထိရှသွားသည်။

" မောင်ပြောလိုက်မယ်အချစ် ဟော...အချစ်ရယ်မငိုပါနဲ့ "

Mabelသခင်ကြီးနဲ့အမျိုးသားလှလှလေးကြားတွင်Lauraဟာဗီလိန်မကြီးလိုထပ်ဖြစ်သွားပြန်သည်။

" Laura Mabel!! "

" မောင်...သမီးကိုမဆူပါနဲ့ဖြေးဖြေးပြောလည်းရပါတယ်ကလေးကဘာတွေကြုံလာရလဲမသိတဲ့ဟာကို "

ပထမဦးဆုံးအနေနဲ့Laura နွေးထွေးမှုကိုခံစားလိုက်ရသည်။Ianဆီကရတဲ့ခိုလှုံလိုက်ချင်တဲ့စိတ်မျိုးမဟုတ်ဘဲအိမ်လိုမျိုးနွေးထွေးနေတာမျိူး။

" ဟို..သမီး..သမီးအတိတ်မေ့နေတာလို့ပြောကြပါတယ် အဲ့တာကြောင့်သခင်ကြီးတို့ကိုသမီးမမှတ်မိပါဘူး တောင်းပန်ပါတယ် သခင်ကြီးတို့ကသမီးရဲ့အဖေတွေလားဟင်... "

" ဟင်...အတိတ်မေ့တယ်...မှတ်ဉာဏ်ပျောက်သွားတာလား Lauraလေးရယ်ဘယ်လိုတွေတောင်ဆိုးရွားတာတွေကြုံခဲ့ရလို့လဲ "

ထိုအမျိုးသားလှလှလေးအသံကနားထောင်လို့ကောင်းလွန်းသည်။ဒါဆိုရင်ထိုအမျိုးသားလှလှလေးကအိုမီဂါဖြစ်နိုင်သည်။အမယ်လေး...ဒီလောကမှာငါလေးက ယောကျာ်းနှစ်ယောက်ကနေမွေးလာတဲ့သမီးပေါ့ အဲ့တာကိုငါကဘာလို့betaလာဖြစ်နေရတာလဲ ဇာတ်ကြောင်းကြီးကဘယ်လိုတွေဖြစ်နေတာလဲဆိုတာငါနားမလည်နိုင်တော့ဘူး....။

My 7 AlphasWhere stories live. Discover now