*For Unicode*
ဘယ်လ်လာရီကမာယာများတတ်သည်။ဒါက
အန်ဂျလော်ရီမှာနေတဲ့သူတိုင်းသိတဲ့အချက်တစ်ချက်...။ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ထရစ်ပယ်တောင်တန်းကြီးရဲ့နောက်ကိုနေမင်းကြီးတဖြည်းဖြည်းငုပ်လျှိုးသွားသည့်တိုင်အောင် အလင်းမပျောက်ကွယ်သွားသေးဘဲကောင်းကင်ကြီးတွင် လိမ္မော်ရောင်များသန်းလို့လှပနေသေးသည်။
မာယာများတတ်တဲ့ဘယ်လ်လာရီတောကြီးထဲမှာတော့ Lauraရယ် Kim Vရယ်။
“ ဒီနားလေးမှာပဲ ငှက်တွေပျံလာတာကိုတွေ့လိုက်ရတာ ”
“ ငါတစ်ခုခုခံစားမိတယ်lauraဒီနားမှာတစ်စုံတစ်ယောက်ရှိနေသလိုပဲ ”
‘ ဒီဇာတ်ကြောင်းက စာအုပ်ထဲမှာမပါဘူးhost ’
*ငါ့အထင်ပါတယ်လို့ထင်တာပဲ တကယ့်ဇာတ်ကြောင်းအတိုင်းသွားမယ်ဆိုရင် မနက်ဖြန်မှာဇာတ်လိုက်မJungkookနဲ့တွေ့မှာ နောက်ပြီးဒီတောထဲမှာပဲ အဲ့တော့ငါကjungkookနဲ့တွေ့မယ့်နေရာကို စောရောက်လာတာလို့မထင်မိဘူးလား*
‘ကျွန်တော်သိပြီ host! ဒါကဇာတ်ကြောင်းတွေစပြောင်းလဲနေတာပဲ ဒီထဲကဇာတ်ကောင်၇ယောက်လုံးကhostကို အစက လူယုတ်မာမကြီးအနေနဲ့ပဲမှတ်ထားတာ အခုကတော့အဲ့လိုမဟုတ်တော့ဘူး ဇာတ်ကောင်၇ယောက်မှာ ၂ယောက်ကhostကိုလူကောင်းလို့ယုံကြည်နေပြီ Kim Jin နဲ့ Kim Vပဲသူတို့ရဲ့ယုံကြည်မှုကြောင့်hostကတဖြည်းဖြည်းဒုတိယဇာတ်လိုက်နေရာကိုရောက်လာတော့ဇာတ်ကြောင်းကhostဘက်ပါလာတာ.. ’
*Ohh အဲ့လိုဆိုရင်ငါက ဗီလိန်မကြီးမဟုတ်တော့ဘူးပေါ့*
‘ အဲ့လိုလည်းပြောမရသေးဘူး အခုထိတော့ကောင်းနေသေးတယ်လို့ပဲပြောချင်တာ ’
*ထားပါတော့-_-*
“ Laura ဟိုနားမှာသွေးစက်တွေ ”
“ သွေးစက်? ”
သစ်ရွက်ခြောက်တွေပေါ်မှာ အတိုင်းသားမြင်နေရတဲ့သွေးစက်တွေနောက်ကိုKim Vနဲ့Lauraလိုက်သွားကြပြီး သွေးစက်တွေရဲ့အဆုံးမှာတော့ လဲကျနေတဲ့သမင်တစ်ကောင်ကိုရုပ်ပျက်ဆင်းပျက်တွေ့လိုက်ရတော့သည်။
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo