EP-22(About Aquarius)

1K 101 14
                                    

*For Unicode*

လူတစ်ယောက်ကိုမျက်စိရှေ့မှာတင် အရှင်လတ်လတ် လက်ဖြတ်နေတဲ့မြင်ကွင်းကားအနည်းငယ်တော့ကြောက်ဖို့ကောင်းနေ၏။

လက်ကသွေးတွေဟာတစ်စက်စက်ကျနေပြီး မြေပေါ်မှာတောင်အိုင်ထွန်းလို့နေခဲ့ပြီ။

*ဗြိ!!*

Kim Vဟာ သူ့ရဲ့အင်္ကျီကအောက်ဖျားစအား အားနဲ့ဆုပ်ဖြဲလိုက်ပြီး Royal Johnရဲ့လက်မောင်းနားကိုတင်းနေအောင်စီးပေးလိုက်သည်။သွေးထွက်လွန်ပြီးမသေစေရန်ဖြစ်လေသည်။

ထို့နောက် သူ့ရဲ့လက်တစ်ဖက်ဟာလုံးဝပြတ်ထွက်သွားခဲ့ပြီး မြေကြီးပေါ်ကျသွားသည်။မြေကြီးပေါ်ကိုကျသွားသည့်တိုင်အောင် စိန်ပန်းပြာကလက်ထဲကနေပြုတ်မထွက်သွားပဲ အသွေးအသားကိုဆက်လက်၍စုပ်ယူနေသည်။

Lauraအံ့ဩမှင်တက်စွာနဲ့ကြည့်နေတုန်းမှာ‌ပဲနောက်ဆုံးတော့လက်ဟာအရိုးတွေပဲကျန်‌ခဲ့တော့ပြီး စိန်ပန်းပြာဟာတဖြည်းဖြည်းနဲ့ခရမ်းနုရောင်ပြောင်းသွားကာ သူ့အလိုလိုအပေါ်ပြန်တက်လာသည်။

ထို့နောက်ထိုပန်းလေးဟာ Lauraရှိရာသို့ပြန်လာခဲ့တော့သည်။

“ တကယ်ကြီး ကျွန်မကိုဒီပန်းက သခင်အဖြစ်သတ်မှတ်လိုက်တာပဲ ”

Royal Johnဆိုသူမှာတော့ သွေးပျက်စွာထိုင်ချလိုက်ရင်း သူ့ရဲ့လက်မောင်းအားသူဆုပ်ကိုင်လို့ထားသည်။

“ အခုငါတို့က မင်းနောက်ကပဲလိုက်ရတော့မယ်
Kim JinကMabelမျိုးနွယ်တွေ မင်းတို့တွဲခေါ်လာလိုက်ငါက Johnကိုတွဲခေါ်ခဲ့မယ် Lauraမင်းကအရှေ့ကလမ်းပြပါ ”

Lauraလည်း‌Jiminကိုပြန်ခေါင်းငြိမ့်ပြလိုက်ပြီး
လက်ထဲလင်းနေတဲ့ခရမ်းရောင်သို့ပြောင်းသွားပြီဖြစ်တဲ့စိန်ပန်းပြာလေးကို ကြည့်လိုက်ပြီး အရှေ့မှာရှိတဲ့လမ်းနှစ်ပေါက်ကိုပြန်ကြည့်လိုက်တယ်။

၅၀-၅၀ပဲ နှစ်ပေါက်ပဲရှိတာဆိုတော့ ငါထင်တာပဲရွေးလိုက်ရမလား။

ထိုအချိန်မှာ လက်ထဲကမှ ပန်းလေးဟာခုန်ထွက်သွားပြီး ဘယ်ဘက်အပေါက်ထဲကိုတိုးဝင်သွားတော့သည်။

“ နင်ရွေးစရာမလိုဘူးlauraပန်းက လမ်းပြလိမ့်မယ်ငါတို့ကပန်းနောက်ကိုလိုက်ရုံပဲ သွားရအောင်”

My 7 AlphasWhere stories live. Discover now