EP-19(The Truth Untold of Legend)

835 112 11
                                    

*For Unicode*

Lauraစိတ်တွေကိုအတတ်နိုင်ဆုံးလျှော့ချကာခြေလှမ်းတစ်လှမ်းလှမ်းဖို့ပြင်လိုက်တဲ့အချိန်...

“ နေဦး ဒီမှာထောင်ချောက်မရှိပါဘူးလို့ငါတို့ပြောလို့မရဘူး ဒီလိုမြင့်မြတ်တဲ့နေရာကပိုပြီးအန္တရာယ်များတတ်တယ် ”

Jiminကလှမ်းတားလိုက်ရင်းLauraကိုလက်မောင်းရင်းကနေလှမ်းဆွဲလိုက်သည်။

‘ မဖြစ်နိုင်ပါဘူးအစ်ကိုရာ ဒီတိုင်းသွားလည်းရပါတယ်အစ်ကိုစိုးရိမ်စိတ်ကြီးနေပြန်ပါပြီ ’

“ သတိဆိုတာက ပိုတယ်မရှိဘူး ခြေလှမ်းတစ်လှမ်းမှားသွားတာနဲ့အသက်ဆုံးရှုံးမှာက မင်းအသက်တစ်ခုထဲမဟုတ်ဘူး အဲ့တာကိုတော့မင်းမှတ်ထား ”

Royal Park jiminကားစကားပြောပြတ်သည်။
တစ်ဖက်လူကိုပြန်ပြောစရာမရှိတော့အောင်ပိတ်ပြီးလည်းပြောနိုင်သည်။ဒါကသူ့ရဲ့အရည်အချင်းတွေထဲကတစ်ခုလို့ စာအုပ်ထဲဖော်ပြထားပေမယ့်
လက်တွေ့မှာပါLauraကြုံတွေ့လိုက်ရတဲ့အခါမှာ
Jiminရဲ့ပုံစံကိုအခါခါကြွေမိသွားသည်။

ခုနကကြောက်စိတ်တွေကတော့ ဘယ်နားကိုရောက်သွားမှန်းကိုမသိတော့ဘဲ ပါးစပ်ကပါအလိုလိုပြုံးမိကုန်သည်။ဒါပေမယ့်လည်း သိက္ခာလေးကိုထိန်းလိုက်ပြီး ထိုအပြုံးကိုခဏအတွင်းပြန်ရုတ်သိမ်းလိုက်တော့သည်။

သုံးယောက်သားခြေလှမ်းကိုပုံမှန်လေးသတိထားကာလှမ်းနေကြပြီး ခြေလှမ်း၅လှမ်း၆လှမ်း လှမ်းပြီးအထိဘာမှမဖြစ်ကြောင်း စစ်ဆေးပြီးတဲ့အခါ‌တွင်တော့ ပုံမှန်အတိုင်းလေးလျှောက်လာကြပြီး Lauraဘေးပတ်ဝန်းကျင်ကိုလည်း သေချာလေ့လာနေမိသည်။ အခုထိတော့ဘာမှထူးခြားလာမှုမရှိသေးပါ။

ထိုအချိန်မှာLauraရဲ့မျက်လုံးကိုအနည်းငယ်ဝေ့ဝိုက်ကာကြည့်လိုက်မိတော့ တစ်ဖက်နံရံပေါ်မှာ ရေးခြယ်ထားတဲ့နံရံဆေးရေးပန်းချီတွေကိုမြင်လိုက်ရသည်။

သေချာတယ် ဒါနံရံဆေးရေးပန်းချီတွေပဲ။ပုံစံ‌တွေကမပီပြင်တော့ပေမယ့်တကယ်ကိုလှပတဲ့အနုပညာတစ်ခုဖြစ်မှန်းတော့သိသာလှသည်။

ပုံတွေဝေဝါးနေပေမယ့်လည်းLauraသေချာပုံဖော်နိုင်သေးသည်ဟုဆိုရမည်။နံရံကပန်းချီတွင်အလွန်လှပလွန်းတဲ့အိုမီဂါမလေးရဲ့တစ်ယောက်လေး၏ပုံဖြစ်နိုင်သည်။

My 7 AlphasWhere stories live. Discover now