*For Unicode*
" ကဲ..လူလိမ်မလေး အလုပ်ကိုကောင်းကောင်းလုပ်ရမယ် ဒီမှာပုံမှန်လုပ်ခကတစ်နေ့ကိုရွှေ၂ပြားမင်းတို့စားသွား၊ဝယ်သွားတဲ့ပစ္စည်းတွေပါတွက်ရင်စုစုပေါင်းရွှေ8ပြားတိတိကျတယ် "
“ ဟမ်..သူကဘာတွေဝယ်သွာသေးတာလဲ!! ”
" ဟိုဘက်မှာကြည့်လိုက် "
ထိုဆိုင်ရှင်အဖွားကြီးညွှန်ပြလိုက်တဲ့နေရာကိုကြည့်လိုက်တော့ဝါးနဲ့လုပ်ထားတဲ့ရေဘူးလေးတွေ၊သစ်သားနဲ့လုပ်ထားတဲ့အရုပ်လေးတွေပင်ဖြစ်သည်။
“ အဲ့တာတွေပါသူဝယ်သွားတာလား ”
" ဟုတ်တယ်..ရေဘူးက3ဘူး၊အရုပ်က4ရုပ် "
ောက်ကျိုးနည်းအရုပ်တွေကဘာလုပ်ဖို့လဲ'-'..။
" အဲ့တော့မင်းငါ့ဆီမှာလေးရက်တိတိအလုပ်လုပ်ရမယ် နေတာကတော့မင်းလည်းခရီးသွားဆိုတော့ပိုနေတဲ့အခန်းထဲနေလို့ရပါတယ် လူလိမ်မလေး "
လူလိမ်မလေးချင်းထပ်နေတဲ့ဆိုင်ရှင်အဒေါ်ကြီးကိုပြန်ပြီးအထွန့်မတက်ချင်တော့ဘဲ ဟိုသူတောင်းစားကောင်ကိုသာစိတ်ထဲကနေအားရပါးရကျိန်ဆဲလိုက်သည်။
သွားလေရာမှာခလုတ်တိုက်ပြီးမြွေဆိုးကိုက်ပါစေ။
" ကဲအခု အလုပ်မလုပ်သေးဘူးလား"
“ အာ..ဟုတ်ကဲ့အခုအလုပ်လုပ်ပါပြီ ”
အလုပ်ရှင်များသည်နေရာတိုင်းတွင်ဒီလိုကြီးပဲလားမသိပေ။Lauraကလူလိမ်နဲ့ပေါင်းခဲ့သူဖြစ်နေ၍ဒီလိုဆက်ဆံခြင်းလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ်..Y/nဘဝထဲကတစ်ခုတည်းသောကျွမ်းကျင်မှုဖြစ်သည့်ပန်းကန်ဆေး၊စားပွဲသုတ်အလုပ်လေးဟာ..လူလိမ်ကောင်ရဲ့ကောင်းကျိုးကြောင့်အကျိုးရှိရှိအသုံးချနေရပြီဖြစ်လေသည်။
ညနေစောင်းကာဆိုင်ငယ်လေးအားသိမ်းဆည်းပြီးLauraကိုထိုဆိုင်ရှင်အန်တီကြီးကရွာထဲကသူ့အိမ်ဆီခေါ်သွားကာညနေစာအဖြစ် ဆိုင်ကပိုသောဟင်းလျာများနဲ့တည်ခင်းကျွေးမွေးသည်။
ထမင်းကျွေးတာပင်ကံကောင်းသည်ဟုပြောရမည်။မဟုတ်ရင်ထပ်ပြီးအကြွေးဝယ်စားရင်းအကြွေးသံသရာလည်နေမည်ဖြစ်သည်။
YOU ARE READING
My 7 Alphas
Fanficy/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo