*For Unicode*
အချိန်အတော်အတန်ကြာသွားတဲ့Lauraရဲ့ခေါင်းထက်တွင်question marksများစီနေတာမပျောက်ဘဲ ကြက်သေသေကာ ငုပ်တုပ်လေးထိုင်နေမိသွားသည်။
' ပထမနေရာတဲ့လား ! ဘယ်နားတွေကိုအဆင့်မြင့်လိုက်တာလဲအရူးsystemရဲ့ '
* Systemလေးကိုမစော်ကားပါနဲ့ဗျာ အဆင့်မြင့်လိုက်တဲ့ဟာက ပြစ်ဒဏ်လေ good luckပါhostရေ မနက်ဖြန်hostပန်းကိုရှာနိုင်မယ်လို့မျှော်လင့်ပါတယ် *
' မမျှော်လင့်ဘူး ပြစ်ဒဏ်ကိုသာအရင်ပြောကြည့်! '
* အဲ့တာကတော့ မသိသေးပါဘူး အခုတော့မနက်ဖြန်ကောင်းကောင်းယှဉ်ပြိုင်နိုင်ဖို့အတွက်
စောစောလေးသာ အိပ်လိုက်ပါတော့ဗျာ *' အိပ်နိုင်မယ်ထင်လို့လား အရူးကောင်ရဲ့ အိပ်နိုင်မယ်ထင်လို့လား ! ငါကAlpha7ယောက်ကို ဘယ်လိုကျော်ဖြတ်ရမှာတဲ့လဲ !! '
သို့ပေမယ့်လည်း ဒီနေ့တစ်နေကုန်ပြေးလွှားထားငိုထားရတဲ့အရှိန်တွေနဲ့ ခေါင်းအုံးပေါ်ခေါင်းတင်ပြီး ဘာမှတောင်မတွေးလိုက်ရတော့ပဲ Lauraအိပ်ပျော်သွားပါတော့သည်။
မျက်လုံးနှစ်လုံးပြန်ပွင့်လာချိန်တွင်တော့ မနက်မိုးလင်းလာခဲ့ပြီ။ ထို့ကြောင့် Laura မနည်းကုန်းရုန်းထကာ ရေချိုးကန်ထဲဝင်စိမ်ပြီး အင်္ကျီလဲကာကိုယ့်ကိုယ်ကိုယ်မှန်ထဲမှာ တစိမ့်စိမ့်ကြည့်နေမိလေသသည်။
Betaတစ်ယောက်ဖြစ်ပေမယ့်လည်းLauraဟာအပြင်းအထန်လေ့ကျင့်မှုတွေပြုလုပ်ထားသည့်အတွက်ခန္ဓာကိုယ်အချိုးအစားက အလွန်လှသည်။
ကိုယ့်ကိုယ်ကိုယ်မှန်ထဲတွင်ကြည့်ပြီးအလွန့်အလွန်ကျေနပ်ကာ ပြုံးမိသွားသည်။
ဒါပေမယ့် ဝတ်ထားတဲ့အင်္ကျီကိုပြန်ကြည့်မိတော့
ထုံးစံအတိုင်း အနီနဲ့အမဲရောင်သာ။မူလLauraကအနီနဲ့အမဲကိုရူးနေအောင်ကြိုက်၍သူ့ရဲ့ဝတ်စုံတိုင်းဟာထိုအရောင်နှစ်ရောင်ကိုတွဲစပ်ချုပ်ထားသည်များသာဖြစ်သည်။
အစတုန်းကတော့အလွန်သဘောကျပေမယ့်
နောက်ကျတော့lauraရိုးအီလာသည်။တစ်နေ့လာလည်း ဒီအရောင်နဲ့ဒီ ဒီဇိုင်းပုံစံဆိုတော့ တဖြည်းဖြည်းမမိုက်တော့ပေ။ထို့ကြောင့် အဝတ်ဗီရိုထဲကို ရှာဖွေကြည့်တော့ ခရမ်းရင့်ရောင်၊ခရမ်းနုနဲ့အမဲရောင်တို့ကိုအချိုးကျစွာ ရောစပ်ထားတဲ့ဝတ်စုံတစ်စုံဟာ အောက်ဆုံးကနေထွက်လာသည်။
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo