*For Unicode*
‘ မင်းဘယ်လိုထင်လဲ Royal Park Jimin မင်းကသူများမျိူးနွယ်စုကကိစ္စတွေကိုလည်းအရေးစိုက်နေတာပဲလား ဘာလဲ အရင်လိုပဲ Royalမျိုးနွယ်ကပဲ အုပ်ချုပ်သူအင်အားကြီးAlphaကိုရွေးချယ်မယ်ထင်နေတာလား အဲ့တာကြောင့်အခုလိုသူများအရေးကိစ္စတွေလာဝင်ပါနေတာလား အဲ့လိုဆိုရင်တော့မင်းလည်းငါနဲ့မခြားဘူးနော် ’
“ မင်းကိုမေးတာပဲဖြေ!! မင်းကAquariusကမလား မင်းတကယ်ပဲဘာလိုချင်လို့ ဒီလိုတွေလျှောက်လုပ်နေရတာလဲ!! ”
Jiminကဒေါသထွက်စွာအော်ပြောလိုက်ရင်းထိုလူရဲ့လည်ပင်းကိုပိုတိုးညှစ်ပစ်ရင်းသူ့ရဲ့ pheromoneတွေကိုထုတ်ကာဖိနှိပ်လိုက်သည်။
သူ့ရဲ့ဒေါသpheromoneတွေကပတ်ဝန်းကျင်တစ်လျှောက်လုံးကိုပျံ့နှံ့သွားပြီး အားပျော့တဲ့omegaတွေကပါယိုင်ခွေကျကုန်တော့သည်။
Lillianကပါရှားပါးမျိုးစိတ်အိုမီဂါဖြစ်ပေမယ့်လည်းခံနိုင်ရည်မရှိတော့ဘဲ ဘေးကKim Jinရဲ့ရင်ခွင်ထဲကိုခွေကျသွားသည်။Kim Jinကလည်း အတိတ်မေ့နေသဖြင့်Lillianနဲ့စိမ်းနေသေးပေမယ့်လည်း Lillianအပေါ်ကို Jiminရဲ့ဒေါသ pheromoneတွေမကျရောက်လာအောင်သူ့ရဲ့ pheromoneအနည်းငယ်ထုတ်ကာ ကာကွယ်ပေးလိုက်တော့သည်။
‘ ဟက်! Royal Park Jimin အ့...Betaတစ်ယောက်အပေါ်ကိုတောင် မင်းpheromoneတွေထုတ်ပြီးဖိနှိပ်တယ်ဆိုတော့ ...မင်းဦးနှောက်များ ဒေါသအထွက်လွန်ပြီးတစ်ခုခုဖြစ်သွားတာလား ’
ထိုလူက လည်ပင်းညှစ်ခံရပြီးအသံတွေတုန်နေသည့်တိုင်အောင်လူအမြင်ကတ်နိုင်သည့်စကားကိုဆိုပြီး ခနဲ့နေသေးလေသည်။ထိုလူရဲ့ပုံစံမှာJiminရဲ့ဒေါသကိုအဆုံးစွန်ဆုံးထိမရောက်ရောက်အောင်စွပေးနေပုံပင်။
“ လွှတ်လိုက်တော့ Park Jimin! သူကမင်းရဲ့ဒေါသကိုတမင်တကာကိုစွနေတာ ”
Kim Vက Jiminရဲ့လက်ကိုကိုင်ကာလှမ်းတားလိုက်တော့မှ Jiminကသူ့ရဲ့ pheromoneတွေအားလုံးကိုလျှော့ချပစ်လိုက်တော့တာမို့ ပတ်ဝန်းကျင်ရှိလူတွေလည်းအခုမှသာ အသက်ကောင်းကောင်းရှုနိုင်သွားကြတာဖြစ်သည်။
' ငါ ိုး!! အင်အာကြီးalphaတွေကြီးပဲလားဟ အဲ့တာကြောင့်သူတို့ကခံသာနေပေမယ့် ဒီတိုင်းလေးရပ်ကြည့်မိတဲ့ငါတို့က pheromoneပေါင်းစုံရဲ့ဖိနှိပ်တာကိုခံနေရတယ် အဟွတ်ဟွတ်!! '
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo