EP-36(Kim V's feeling)

783 90 33
                                    

*For Unicode*

Kim Vငိုနေတယ်။မျက်ရည်လုံးများတစ်စက်ပြီးတစ်စက်အဆက်မပြတ်လိမ့်ကျလာနေတယ်။

“ ငါတို့တွေဘယ်နှနှစ်တောင်သိကျွမ်းလာတာလဲLaura မွေးကတည်းကအခုထိဆိုရင်နှစ်ပေါင်း၂၀ကျော်ပြီ ငါတစ်ခါတစ်လေLillianကိုအသားပေးမိပေမယ့် နင့်အတွက်လည်းအမြဲစဉ်းစားပေးနေခဲ့တာပါ အခုတော့ ငါကတစ်ကိုယ်ကောင်းသမားကြီးဖြစ်နေတာပေါ့ ”

“ အဲ့လိုမဟုတ်...

“ နောက်ဆုံးတော့နင်ကငါ့ကိုပါမေ့ပစ်တယ် ”

Kim Vသည်Lauraကိုစကားပြောခွင့်ပင်မပေးချေ။

“ Alphaတစ်ယောက်ကသန်မာတယ်မျက်ရည်မကျရဘူး အထူးသဖြင့်အင်အားကြီးAlphaတွေကသာမန်Alphaတွေထက်ဆယ်ဆပိုပြီးသန်မာတယ် ပိုပြီးမျက်ရည်မကျသင့်ဘူးဒါဆိုရင် အခုဘာလို့ငါမျက်ရည်ကျနေမိလဲနေသိလားLaura”

Lauraခေါင်းကိုအသာလေးခါလိုက်သည်။

“ နင်နဲ့ငါကမျဉ်းပြိုင်တွေလိုပဲLaura အမြဲနင်နဲ့ငါကအချင်းချင်းခံစားချက်တွေရှိနေခဲ့ကြပေမယ့်ပြိုင်ဆိုင်နေခဲ့ကြတယ် ငါကနင့်ကိုငါကသန်မာကြောင်းပြချင်တယ် နင်ကလည်းငါ့ကိုနင်သန်မာကြောင်းပြချင်တယ် ဒါကိုငါအရင်ကနားမလည်ခဲ့ဘူးLaura နင့်ကိုငါထင်ခဲ့တာကLillianထက်ပိုပြီးတော်ချင်လို့ ပိုပြီးကြိုးစားနေခဲ့တာလို့ထင်ခဲ့တာနောက်တော့ နင်ကLillianကိုအားကျပြီးသူ့ကိုလိုက်တန်းညှိနေတာလို့ငါ့စိတ်ထဲမှာထင်မှားသွားခဲ့တယ် ဒါပေမယ့်နင်ပြောင်းလဲသွားခဲ့တယ်လေ ”

Kim Vဟာစီးကျလာတဲ့မျက်ရည်စက်တစ်စက်အားလက်နဲ့ကြမ်းတမ်းစွာပွတ်ပစ်လိုက်သည်။သူ့ရဲ့မျက်ဝန်းစိမ်းများဟာ မျက်ဝန်းညိုများအဖြစ်ပြန်လည်ပြောင်းလဲသွားခဲ့သည်။

“ ငါထင်ထားတာက ငါတို့ပိုနီးစပ်လာပြီ ငါတို့တွေပိုပြီးနီးကပ်နိုင်တော့မယ်ပေါ့ ဒါပေမယ့် နင့်ဘေးနားမှာAlphaတွေပိုပြီးများလာတယ် အရင်ကတည်းကရည်းစားများခဲ့တဲ့နင်ကခြေငြိမ်နေလို့ငါကျေနပ်ခဲ့ပေမယ့်လည်း အခုနင့်ဘေးကAlphaတွေကရိုးရိုးalphaတွေမဟုတ်ဘူး အင်အားကြီးAlphaတွေ သူတို့ကLillianလိုရှားပါးမျိုးစိတ်omegaနဲ့ပဲလိုက်ဖက်တာဆိုပေမယ့် နင့်ကိုကြည့်နေတဲ့အကြည့်တွေအကုန်လုံးမရိုးသားဘူး ငါမကြိုက်ဘူး ငါလုံးဝမကြိုက်ဘူးနောက်ပြီး Lillianကိုအဲ့လိုကြည့်တာကိုလည်းငါမကြိုက်ပြန်ဘူး ငါအမြဲတမ်းခံစားချက်တွေရောထွေးနေခဲ့တယ် ဒါပေမယ့်နင်ငါ့ရှေ့မှာတင်Lillianကိုလည်ပင်းညှစ်လိုက်တာကိုမြင်ရတဲ့အချိန်မှာ ငါ..နင့်ကိုမုန်းမိသွားတယ် ”

My 7 AlphasWhere stories live. Discover now