EP-35(Why don't you remember me)

747 98 37
                                    

*For Unicode*

" Lauraနင်ဘာလို့သူ့ကိုဖက်... "

" ကျွန်မသူကလွဲပြီးဘယ်သူ့ကိုမှမရင်းနှီးဘူးသူ့ကိုပဲမှတ်မိတယ် သူ့ကိုပဲရင်းနှီးတယ်လို့ခံစားမိတယ် ရှင့်ကိုကျွန်မမသိဘူးတောင်းပန်ပါတယ် "

Kim Vရဲ့ရင်ဘက်တစ်ခုလုံးဟာခနဲဖြစ်သွားကာပြောလက်စ စကားများပျောက်ဆုံးသွားတော့သည်။

" Kim Jin! အဆင်ပြေရဲ့လား Kim RMတစ်ချက်လောက်ကြည့်ပေးပါဦး "

Laura jiminရဲ့အသံကြောင့်ကြည့်မိတော့Kim Jinဟာခေါင်းကိုကိုင်လျက်ကြမ်းပြင်ပေါ်တွင်ဒူးထောက်လျက်သားဖြစ်လို့နေသည်။

စိတ်ထဲတွင်စိုးရိမ်မှုတစ်ချို့ဖြတ်ပြေးသွားလေသည်။

" သူဘာဖြစ်နေတာလဲ "

" ခင်ဗျားကဆေးပညာတတ်တာလေ ကျွန်တော့်ကိုဘာလို့လာမေးနေတာလဲ "

" သူဘာဖြစ်မှန်းမသိဘဲကိုယ်ကဘယ်လိုကုရမှာလဲRoyal Jimin! သူဒီလိုဖြစ်နေတာဘာကြောင့်လဲဆိုတာတော့မင်းကိုယ့်ကိုပြောမှရမယ်လေ "

" ပန်းအဆိပ်ရဲ့ဆိုးကျိုး သူအတိတ်မေ့ပြီးအဲ့လိုမျိုးခေါင်းခဏခဏကိုက်နေတာ "

" အဲ့တာကကိုယ်ဘာမှမလုပ်ပေးနိုင်ဘူး ပန်းအဆိပ်ကလုံးဝမရှိတော့ဘူးဆိုတာမှန်ပေမယ့် အဆိပ်ရဲ့ဒဏ်ကိုတော့ အနည်းနဲ့အများခံစားရမှာပဲ ဒါပေမယ့်အခုKim Jinကမေ့သွားတဲ့အတိတ်တွေကပုံရိပ်ပြန်ပေါ်လာလို့ဒီလိုခေါင်းခဏခဏကိုက်နေတာ ဒါကကောင်းတဲ့လက္ခဏာလို့ပြောလို့ရတယ်မကြာခင်မေ့နေတဲ့ကိစ္စတွေပြန်သတိရလာနိုင်တယ် အခုလိုအပ်ရင်ခေါင်းကိုက်သက်သာစေဖို့ဆေး.. "

" ရတယ်မလိုဘူး သက်သာသွားပြီအခု "

Kim RMရဲ့စကားကိုဖြတ်ပြောလိုက်သည့် Kim Jin ကြောင့်RMလည်းဘာမှဆက်ပြောခြင်းမရှိတော့ဘဲနှုတ်ဆိတ်နေလိုက်တော့သည်။

ထို့နောက်Kim Jinဟာအခန်းထဲကထွက်သွားသည်။J-hopeနဲ့jiminဟာလည်းထွက်ခွာသွားပြီး
အခန်းထဲတွင်Kim RM,Kim V,Jeon Ian, Agust Min Sugaနဲ့Laura, Lillianတို့သာကျန်ခဲ့တော့သည်။

" အဲ့တာဆိုLaura‌ကရော သတိပြန်ရလာနိုင်ချေရှိလားKim RMအခုကရောသူကဘာလို့Jeon Ianကိုတွယ်ကပ်နေတာလဲ သူသတိရသွားပြီလား"

My 7 AlphasWhere stories live. Discover now