EP-24(Welcome from Julian)

808 83 14
                                    

*For Unicode*

Kim Jinဟာ Lauraပေါ်ကနေထလိုက်ပြီး မျက်လုံးစိမ်းများနဲ့ကြည့်ကာ သူ့ဆီကအဖြေကိုစောင့်နေဟန်။

သူ့ရဲ့မေးခွန်းဟာရှင်းရှင်းလေးပင်ဖြစ်သည်။

“ မင်းကဘယ်သူလဲ ” တဲ့။

Lauraအံ့ဩသွားလွန်းလို့ ဘာပြန်ပြောရမှန်းပင်မသိတော့တဲ့အထိဖြစ်သွားပြီး Kim Jinနားကနေ ကယောင်ကတမ်းမတ်တပ်ရပ်လိုက်မိသည်။

“ ကျွန်မ..ကျွန်မက Lauraလေ Laura Mabel ”

“ sorryကိုယ်မင်းကိုအရင်ကတည်းကသိပေမယ့်လည်း မင်းနဲ့တစ်ခါမှတော့မရင်းနှီးဖူးဘူးလို့ထင်တာပဲ ကိုယ်တစ်ခုခုဖြစ်သွားတာလား ဒါကဘယ်နေရာလဲ ကိုယ့်ခေါင်းတွေတဖြည်းဖြည်းနဲ့မူးလာသလိုပဲ တကယ်ပဲဘာတွေဖြစ်နေတာလဲ .. ”

Kim Jinဆက်ပြောလာတဲ့စကားတွေကားအစိမ်းသက်သက်ကြီးLauraနှလုံးသားကိုထိုးခွဲလိုက်သည်။Kim Jinစကားတွေကစိမ်းကားလွန်းနေ၍မယုံနိုင်စွာပင် နောက်ကိုခြေတလှမ်း‌ဆုတ်မိသွားသည်။

စနေတာပါလို့ဆိုရအောင်လည်း မျက်ဝန်းညိုတွေထဲမှစိမ်းသက်မှုတွေကအတုအယောင်တွေမဟုတ်။အမှန်တကယ်ပင်Kim Jinကား Lauraကိုမေ့သွားခဲ့လေသည်။

“ Lauraခဏငါနဲ့လိုက်ခဲ့! ”

Kim Jinကိုစိုက်ကြည့်ကာမတ်တပ်ရပ်နေဆဲlauraကိုKim Vဟာလက်ကောက်ဝတ်ကနေဆွဲကာ Jiminတို့နဲ့အနည်းငယ်ဝေးသည့်နေရာကိုခေါ်သွားသည်။

“ နင်တကယ်ပဲဘာတွေလုပ်နေတာလဲLaura! ဘာလို့သူ့ကိုနမ်းတာလဲ ဘာလို့သူ့ကိုအသည်းအသန်ကိုကယ်ပေးချင်နေရတာလဲ နင်ကငါ့ကိုချစ်တယ်လို့ဖွင့်ပြောခဲ့ပြီး ဘာလို့နင်လုပ်ချင်ရာတွေကိုဇွတ်လုပ်နေရတာလဲ ! ဟမ် နင်ငါ့ကိုဘယ်လိုထင်နေတာလဲLaura နင့်မျက်လုံးထဲမှာငါက‌ အင်အားကြီးalphaတစ်ယောက်နဲ့မတူဘူးလား အဲ့Julianကကောင်က ပိုချောနေလို့လား!! ”

“ Vငါနာနေပြီ ငါအဲ့လိုမဟုတ်...”

Lauraစကားစပျက်သွားပြီး Kim Vရဲ့အတင်းအကျပ်ဖိကပ်နမ်းခြင်းကိုခံလိုက်ရတော့သည်။

Lauraအံ့ဩသွားကာ ဦးနှောက်ထက်၌ question markပေါင်းများစွာပေါ်လာတော့သည်။

My 7 AlphasWhere stories live. Discover now