*For Unicode*
နေမင်းကြီးကတဖြည်းဖြည်းထွက်ပေါ်လာပြီးနံနက်ခင်းရောင်နီများသန်းလာသည်။
“ Hey.. Laura Mabel! ”
Lauraကိုတစ်စုံတစ်ခုကလှုပ်နိုးနေတာကိုခံစားရတာကြောင့်lauraနိုးလာတော့သည်။
နိုးနိုးချင်းမြင်လိုက်ရတာကကောင်းကင်ကြီး.. Lauraဟာကောင်းကင်ကြီးကိုမျက်နှာမူလို့အိပ်ပျော်နေခဲ့တာလား...။ဟမ်...ဘာလို့အိပ်ရာကမာဆပ်ဆပ်နဲ့ဖြစ်နေရတာလဲ...!
“ Laura Mabel..မင်းဘယ်လိုလုပ်ဒီနေရာမှာလာအိပ်နေရတာလဲ... ”
“ Jung j-hope! ”
“ အင်းကိုယ်...မင်းအတိတ်မေ့သွားတယ်လို့ကြားတာကိုယ့်ကိုတော့မှတ်မိနေတာလား ”
Lauraထထိုင်လိုက်သည်။သူဟာJulianရဲ့တောင်-မြောက်တံတားကြီးအပေါ်တွင်မိန့်မိန့်ကြီးအိပ်ပျော်နေခဲ့တာဖြစ်မှန်းသိလိုက်ရသည်...။
ညတုန်းကအမျိုးမျိုးအဖုံဖုံသောသရဲတွေကိုပြန်မြင်ယောင်ပြီးLauraကြက်သီးထသွားသည်။
အပြင်လောကမှာသာအဲ့လိုတွေ့လို့ကတော့Lauraတစ်ယောက်ခေါက်ခနဲလဲကျသွားမှာပင်..။“ Jung J-Hope အခုအချိန်ဘယ်လောက်ရှိပြီလဲ”
“ ခုမှနေတောင်မထွက်သေးဘူး ”
“ အဲ့တာကိုဘယ်သွားမလို့လဲ.. ”
J-HopeကLauraအမေးကိုမဖြေသေးဘဲLauraကိုအရင်ကြည့်လိုက်သည်။
“ မင်းဒီမှာအိပ်နေရတဲ့အကြောင်းအရင်းကိုမင်းအရင်ပြောသင့်တယ်မထင်ဘူးလား ”
“ ကျွန်မမသိဘူး... ”
Laura Mabelလိမ်လိုက်သည်။
“ ကျွန်မနိုးလာတော့ဒီကိုရောက်နေတာကျန်တာဘာမှမမှတ်မိဘူး.. ”
“ ကိုယ်က ဟိုဘက်ကJulianရွာထဲသွားမလို့မင်းလိုက်ခဲ့ချင်ရင်လိုက်ခဲ့လို့ရတယ် နောက်ပြီးမင်းကိုယ်မင်းတကယ်တော်တဲ့ဆေးဆရာနဲ့ပြသင့်တယ်Laura Mabel ”
“ ဟုတ်ကျွန်မလည်းသိပါတယ် ”
LauraအသာလေးJ-hopeနဲ့အတူJulianရွာထဲကိုလိုက်သွားဖို့ပြင်လိုက်သည်။ထိုနေရာမှာစုန်းမကြီးနဲ့ပက်သတ်နေတဲ့သဲလွန်စတွေရှိနေနိုင်တယ်။လကမနက်ဖြန်ပြည့်မှာဆိုတော့ Lauraအတွက်အချိန်ကနာရီ၃၀လောက်သာကျန်တော့သည်။
YOU ARE READING
My 7 Alphas
Fanficy/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo