EP-61(What the f**king boy!)

546 68 5
                                    


*For Unicode*

" ဒီညတော့မင်းအဲ့သစ်ပင်ပေါ်မှာပဲအိပ်ရလိမ့်မယ်ကောင်မလေး "

သစ်ပင်အောက်ကလူကခပ်တိုးတိုးလှမ်းပြောပေမယ့်ညသံမို့လို့ပြတ်သားစွာကြားရသည်။

“ ကူညီပေးတာကျေးဇူးပါ ”

" ကျေးဇူးအတင်မစောပါနဲ့ ထား..ဒီညတော့အိပ်လိုက်တော့ "

* ဂုဏ်ယူပါတယ်Host!! Mini-missionလေးကိုအောင်မြင်စွာပြီးမြောက်နိုင်သွားပါပြီ ဒီမစ်ရှင်အောင်မြင်တဲ့အတွက်ရွှေပြား၂၀၀နဲ့အတူအကူအညီကဒ်၁ကဒ်လက်ဆောင်ရရှိပါတယ် *

အသေးလေးရဲ့စကားသံအဆုံးမှာတော့Lauraခါးမှာချိတ်ထားတဲ့ရွှေအိတ်လေးပိုလေးသွားသည်ကိုခံစားလိုက်ရသည်။မစ်ရှင်အောင်မြင်သွားပြီ..။ဒါပေမယ့်Lauraမပျော်ပါ။
အလောတကြီးသူ့ကိုလိုက်ရှာနေခဲ့တဲ့Ianရဲ့ပုံရိပ်ကမျက်လုံးထဲကမထွက်နိုင်ဖြစ်နေသည်။
Ianကိုအခုလက်မထပ်နိုင်သေးပါဘူးလို့ပြောရင်လည်းရမယ့်ဟာကို ဘာလို့အခုလိုမစ်ရှင်အောင်မြင်ဖို့ကိုပဲတွေးပြီးထွက်ပြေးလာမိရတာလဲ။

ဒါပေမယ့်မစ်ရှင်ရှုံးနိမ့်သွားခဲ့ရင်ရော..ဖြစ်လာမယ့်ပြစ်ဒဏ်က..နိုး..နိုး..ဆိုးရွားလိမ့်မှာတော့အမှန်ပင်။ပထမတစ်ခေါက်လုပ်ခိုင်းသည့်ပြစ်ဒဏ်ကအဓိပ္ပာယ်မရှိ‌ပေမယ့်လည်းဇာတ်လိုက်တွေရဲ့အကြည့်စိမ်းစိမ်းတွေကိုအခုထိခံစားလို့ရနေသေးသည်။အခုတစ်ခေါက်မစ်ရှင်ရှုံးနိမ့်သွားပြီးပြစ်ဒဏ်ခံရလို့...မူလဇာတ်ကြောင်းအတိုင်းသာပြန်ရောက်သွားခဲ့ရင်...။

Lauraဆက်မတွေးချင်တော့တာမို့အတွေးများကိုဖျောက်လိုက်ရင်းအောက်ကသူ့ကိုကယ်လိုက်သည့်လူကိုသာစိတ်ထဲကတစ်ဖန်ကျေးဇူးတင်ရင်းသစ်ကိုင်းကြီးပေါ်၌ပင်ခဏအိပ်ပျော်သွားလေသည်။

ခဏဟုထင်လိုက်သော်လည်းLauraနိုးလာတော့မနက်မိုးလင်းနေပြီဖြစ်ကာ..နိုးသွားရသည့်အကြောင်းအရင်းကလည်းသစ်ပင်ပေါ်ကပြုတ်ကျမလိုဖြစ်သွားသောကြောင့်ပင်။

" ဆင်းလာတော့အိမ်ပြေးလေး "

“ ဘယ်သူကအိမ်ပြေးလဲ ”

အမြင်ကပ်စရာလေသံနဲ့ပြောလာတဲ့ထိုသူကိုLauraပိတ်ထိုးချင်စိတ်ပေါက်သွားသည်။
သစ်ပင်ပေါ်ကနေခက်ခက်ခဲခဲလျှောဆင်းလိုက်ပြီးထိုလူ့ကိုပြန်ပြောတော့ထိုလူကရယ်သည်။

My 7 AlphasWhere stories live. Discover now