EP-64(The Fourth Mission)

422 51 14
                                    

*For Unicode*

ဇာတ်ဆောင်တိုင်းသာရင်ခုန်နေရရင်ငါတော့နှလုံးရောဂါဖြစ်ပြီးသေရချည်ရဲ့။

Authorကလည်းတကယ်ကိုတစ်ပုံစံတည်းဖန်တီးခဲ့တာပဲ..။$ကျိုးနည်းplotကြီးနဲ့ဆိုပေမယ့်လည်းအပြင်‌ကမ္ဘာမှာတော့လူတွေကသူတို့ကိုယ်သူတို့Lillianလို့တွေးပြီးဖတ်ကြတာကိုး..။

ဒါပေမယ့်ငါက..ဗီလိန်မကြီးအဖြစ်ရောက်လာတာလေ!!!

ပြောနေကြစကားကိုထပ်ခါထပ်ခါပြောပြီးဒရမ်မာခင်းနေတဲ့Hostကိုအသေးလေးလွှတ်ထားလိုက်တော့သည်။

* ဗီလိန်အဖြစ်ကူးပြောင်းလာပါတယ်ဆိုမှ
ဒီဗီလိန်ဖြစ်သွားတာကြောင့်လို့ပဲခဏခဏပြောနေတော့တာပဲ.. *

Systemအသေးလေးရဲ့ရင်းတွင်းစကားသံပင်ဖြစ်သည်။

“ Laura... ”

J-Hopeရဲ့အသံကြောင့်J-Hopeတစ်ဖန်မော့ကြည့်လိုက်သည်။

“ အင်း ”

“ ငါတို့ထွက်လို့ရပြီ ”

“ အာ..အင်း.. ”

Lauraကအရင်သစ်ပင်နှစ်ပင်ကြားမှထွက်လိုက်ပြီးနောက်မှာတော့J-hopeကပါခုန်ထွက်လာတော့သည်။

“ ရှင်ကအခုတကယ်ကိုဝရမ်းပြေး‌ဖြစ်နေတာပဲ”

“ ကိုယ့်အဖေကိုယ်ပြန်သတ်တဲ့ဝရမ်းပြေးပေါ့ Nobleကလူတွေမှာတစ်ယောက်မှဦးနှောက်မပါဘူး..ကဲ..မင်းနဲ့ငါလည်းလမ်းခွဲသင့်ပြီ..မင်းဘယ်ကိုဆက်သွားမှာလဲ... ”

“ ကျွန်မ...မသိသေးဘူး ”

“ ငါကRowonကိုသွားမှာ ”

“ ကျွန်မလည်း..လိုက်ခဲ့လို့ရမလား... ”

“ ငါနဲ့ဆိုရင် မင်းပြေးလွှားနေရမှာခုနကလိုအခြေအနေတွေထပ်ပြီးဖြစ်လာမှာပိုဆိုးတဲ့ဟာကိုပြောပြရရင် ငါနဲ့အတူဖမ်းမိပြီးအကျဉ်းထောင်ထဲကိုပါကြံရာပါအဖြစ်ဆွဲသွင်းလိမ့်မယ်..အဲ့တာတောင်မင်းငါနဲ့လိုက်ချင်သေးလား ”

“ ကျွန်မတစ်ယောက်တည်းသွားရင်အဆိုးဆုံးအနေနဲ့ကတော့နောက်ထပ်လူလိမ်တစ်ယောက်နဲ့ထပ်တွေ့ပြီး နောက်စားသောက်ဆိုင်တစ်ဆိုင်မှာလပေါင်းများစွာသောင်တင်သွားလိမ့်မယ် ”

My 7 AlphasWhere stories live. Discover now