EP-20(Yeah, I'm villain)

956 102 7
                                    

*For Unicode*

“ ဒါက... ”

“ ဟုတ်တယ် ငါတို့ရှာနေတဲ့ The truth untoldပန်းဆိုတာက ဒီဝံပုလွေရဲ့ မျက်လုံးထဲမှာ
ရှိတဲ့အရောင်လဲ့နေတဲ့ ‌စိန်ပြာကြီးပဲ ”

Lauraရဲ့စကားအားKim Vကဆက်ပြောလိုက်သည်။

“ ဘယ်လိုယူရမှာလဲ? ”

“ မင်းကျောက်စာကို ဖတ်တတ်လား မင်းရှေးဟောင်းအန်ဂျလော်ရီဘာသာကိုသင်ဖူးလား
အဲ့တာဆိုရင်တော့မင်းလည်း ဟိုတစ်ယောက်နဲ့အတူ အဖြေသွားရှာနိုင်တယ် ”

Kim Jinကပြောကာ Royal Park jiminကိုလက်ညှိုးထိုးပြလိုက်သည်။သူ့ရဲ့ဘေးမှာတော့ဟိုတစ်ယောက်ဟာလည်း တဝဲလည်လည်နဲ့ လှည့်လည်နေတုန်း။

Royalမျိုးရိုးတွေက နိုင်လိုစိတ်ကြီးသည် တဲ့။အခုမှ Lauraမျက်မြင်ကိုယ်တွေ့ကြုံရတော့သည်။အဲ့ဒါကြောင့်လည်း jiminဟာစိတ်ညှို့ပညာကိုသုံးပြီး Lauraကိုထားခဲ့တာဖြစ်နိုင်သည်။

' ရှေးဟောင်းအန်ဂျလော်ရီဘာသာတဲ့လား
မြန်မာစာတောင်မြန်မာလိုသေချာမတတ်တဲ့ငါကရှေးဟောင်းအန်ဂျလော်ရီကို ဘယ်လိုလုပ်သိမှာလဲဟူးးးး ဒါမှမဟုတ် jiminအဖြေရှာပြီးမှ သွားလုလိုက်ရရင်ရော ...အာ မဖြစ်ဘူးမဖြစ်ဘူး ငါ့ရဲ့မရှိတဲ့ဂုဏ်သိက္ခာတွေထပ်ထပ်ပြီးကျဆင်းသွားလို့မဖြစ်ဘူး '

စိတ်ထဲဝင်လာတဲ့အကြံဆိုးကြီးကိုအမြန်ပင်
ပယ်ဖျောက်လိုက်ပြီး Kim Jinခုနကပြတဲ့ကျောက်စာဆိုတာကြီးကိုသွားကြည့်လိုက်သည်။

စာတွေတော့ စာတွေပါပဲ။ ဘာတွေရေးထားမှန်းကိုမသိတဲ့စာတွေ။ နားမလည်ဘူးဆိုတာထက် ကြည့်နေရင်းနဲ့ကိုခေါင်းမူးလာသလိုခံစားရသည်။

တွန့်လိမ်ကောက်နေတာများ တီကောင်တွေအတိုင်း။ အသတ်လိုလို အကောက်လိုလိုတွေလည်းနည်းတာမဟုတ်။

' ငါကမြန်မာစာနဲ့Eပဲရတာလေ ဒီထဲမှာတော့ ကိုရီးယားစကားတွေပြောနေတာက အလိုလိုတတ်သွားတဲ့ဟာကို ဒီတီကောင်လို စာလုံးတွေကိုဘယ်ကဘယ်လိုဘာသာပြန်ရမှာလဲ ရူးချင်စရာပဲ '

ထိုအချိန်မှာ ကျောက်စာပေါ်ကထူးခြားချက်တစ်ခုကို Lauraတွေ့လိုက်ရသည်။

My 7 AlphasWhere stories live. Discover now