*For Unicode*စုန်းမကြီးရဲ့ပတ်လည်တွင်မီးခိုးအရိပ်များဝိုင်းဖွဲ့ပျော်ပါးနေကြသည်။စုန်းမကြီးကားLauraရဲ့မြားဒဏ်ကြောင့်မချိမဆံ့ခံစားနေရလေသည်။
“တကယ်ပဲအမေကစုန်းမကြီးဖြစ်နေခဲ့တာလား”
Kim Jinကထိုမြင်ကွင်းအားကြည့်ရင်းကြေကွဲစွာဆိုသည်။Lauraသည်Kim Jinအားဒီမြင်ကွင်းကိုဆက်မမြင်စေချင်တော့တာမို့လို့..ခြေဖျားလေးထောက်ကာKim Jinရဲ့မျက်လုံးတွေကိုလက်နဲ့ဖုံးအုပ်ပေးလိုက်သည်။
“မကြည့်ပါနဲ့တော့သူ့ကို ”
" ကိုယ်ကသူ့အတွက်ကိုယ့်အမေရင်းစွန့်ပစ်တာတောင်ခံခဲ့တာLaura.. "
" ဟင့်အင်းKim Jin..သူ့အတွက်ရှင်ဝမ်းနည်းစရာမလိုပါဘူး...သူကမှားနေတာအဲ့အတွက်ရှင်ဝမ်းနည်းစရာမလိုဘူး "
LauraကKim Jinကိုနှစ်သိမ့်ပေးနေတဲ့အချိန်
J-hopeကတော့စုန်းမကြီးဘေးကပျော်ရွှင်ရယ်မောနေကြတဲ့အရိပ်တွေကိုကြည့်ကာ ကြက်သီးတွေပဲတဖြန်းဖြန်းထထလာသည်မို့Lauraတို့နားကိုပိုတိုးလို့ကပ်သွားသည်။Min Sugaကလည်းLauraတို့ရှိရာဆီကိုလျှောက်လာပြီးစုန်းမကြီးမီးလောင်ကျွမ်းသွားပြီးပြာအဖြစ်တောင်မကျန်တော့တဲ့အထိမျက်တောင်မခတ်ဘဲကိုစိုက်ကြည့်နေသည်။
အားလုံးပြီးဆုံးသွားပြီ။
ကောင်းကင်ကလမင်းကဂျွန်နရီမြစ်ရေပြင်ပေါ်ရောင်ပြန်ဟပ်နေသည်။" ဟေးးကောင်မလေးကျေးဇူးပါ... "
" ငါတို့ကျွတ်နိုင်သွားပြီ ကျေးဇူးပါ... "
" ငါတို့အချုပ်အနှောင်တွေကကင်းလွတ်သွားပြီ"
" ကျေးဇူးတင်ပါတယ်မိန်းကလေး "
" $စုန်းမကြီးအခုတော့သေသွားပြီ မိန်းကလေးကျေးဇူးတကယ်တင်ပါတယ် "
မီးခိုးငွေ့တွေလိုအရိပ်တွေကနေအသံအက်အက်ကြီးတွေထွက်လာပြီးကျေးဇူးတင်စကားပြောကြသည်။ထို့နောက်အရိပ်မည်းတွေကတဖြည်းဖြည်းလူပုံတွေပေါ်လာသည်။Lauraတွေ့ခဲ့သည့်တစ္ဆေအုပ်စုကြီးပင်ဖြစ်သော်ငြားလည်း ယခုတော့အဝတ်အစားအလှအပတွေနဲ့အသီးသီးတင့်တယ်နေကြသည်။သူတို့ပေါ်ဖြာကျနေတဲ့လရောင်အောက်မှာတလက်လက်တောက်ပပြီးလူတိုင်းအပြုံးတွေပန်ဆင်ထားကာLauraကိုကျေးဇူးတင်တဲ့မျက်လုံးများနဲ့အသိအမှတ်ပြုကြသည်။
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo