*For Unicode*
Lauraနိုးလာသည့်အချိန်တွင်ကားနေပင်ကောင်းစွာမထွက်လာသေး။တစ်ဖက်ကုတင်တွင်ကားJeon Ianသည်အေးဆေးစွာအိပ်ပျော်လို့နေသည်။
Lauraလည်းထိုအခန်းထဲမှာထွက်လာပြီး ရေကန်ငယ်လေးရှိသည့်နေရာတွင်မျက်နှာသစ်ကာခြေလက်သန့်စင်လိုက်သည်။ထိုအချိန်ထိထူးခြားမှုတစ်စုံတစ်ရာမရှိသေး။
Lauraဟာလည်းခြေဆန့်လက်ဆန့်လုပ်ရင်းညကတည်းကဆက်သွယ်လို့မရတော့တဲ့အသေးလေးအားလည်းစိတ်ပူမိသေးသည်။
ထိုအချိန်ညက Lillianနှင့်အတူထွက်သွားတဲ့Kim Jinရဲ့ပုံရိပ်ဟာလည်းမျက်လုံးထဲပြန်ဝင်လာသည်။
* တကယ်ပဲငါ့ကိုစိတ်ဆိုးသွားတာများလား...? သူတို့နှစ်ယောက်ဘာတွေပြောမှာလဲသိချင်လိုက်တာ.... Kim jinကရော Lillianဘက်ပါသွားမှာတော့မဟုတ်ပါဘူးနော် အားရှ် ရူးတော့မယ်
တကယ်ပဲအသေးလေးကရောဘယ်ရောက်နေတာလဲ *အတွေးဂယောက်ဂယက်ပေါင်းများစွာနဲ့လမ်းလျှောက်လာတုန်းမှာ Lillianကိုလှမ်းမြင်လိုက်ရသည်။Lillianကတော့ Lauraကိုမြင်ပုံမပေါ်...။
Lillianကားဒီနေ့တွင်တော့ ပန်းနုရောင်ဝတ်စုံလေးဝတ်ထားကာ ဖဲဖိနပ်ပန်းနုရောင်လေးစီးထားလေသည်။ သူမရဲ့ဖြူစင်တဲ့အသားရောင်ဟာထိုဝတ်စုံလေးနဲ့ကွက်တိပင်ဖြစ်နေပြီး သူမရဲ့ဖြူဝင်းတဲ့အသားအရောင်အားပို၍ပင် လင်းလက်သွားစေသည်ဟု Lauraထင်မိသည်။
Lillianကားတစ်နေရာရာကိုသွားနေဟန်ပေါ်တာမို့Lauraလည်းအနောက်ကနေ လိုက်သွားကြည့်မိတော့သည်။
Lauraကတော့ထုံးစံအတိုင်းပင်အမဲနဲ့အနီရောင်ဆက်ထားသည့်ဝတ်စုံပင်။Lauraဆီမှာရှိသည့်အမျိုးမျိုးဝတ်စုံတွေရဲ့အရောင်ဟာလည်း အနီနဲ့အမဲရောင်တွေပင်ဖြစ်သည်။
Lillianနောက်ကိုလိုက်ရင်းတွေ့လိုက်ရသည်က Lillianလက်ထဲမှာကြိမ်ခြင်းလေးတစ်ခုကိုင်ထားခြင်းကိုပင် အထဲကပစ္စည်းကိုတော့ မမြင်ရပေမယ့် အသီးတစ်ခုခုဖြစ်ပုံရသည်။
တကယ်ပဲLillianဘယ်ကိုသွားနေတာလဲ...?
ထိုသို့နောက်ကနေတိတ်တခိုးလိုက်သည်ဆိုမှပဲ
ဝတ်ရုံကအစဟာသစ်ကိုင်းချောက်နဲ့သွားညှိနေသည်မို့ ထိုအရာအားအရင်ဖယ်ရသေးသည်။
ကြည့်ရတာဒီနေ့တော့Lauraကံမကောင်းဘူးထင်ပါသည်။
YOU ARE READING
My 7 Alphas
Fanficy/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo