*For Unicode*“ အခုမှပဲလွတ်လပ်သွားတော့တယ်...ဟူးးမဟုတ်ရင်နောက်ထပ်၃ရက်လောက်ထိကျွန်မအဲ့မှာသောင်တင်နေဦးမှာ..တကယ်ကျေးဇူးတင်ပါတယ်”
“ မင်းဘာလို့ဒီရောက်နေတာလဲဆိုတာမဖြေရသေးဘူး ”
“ ပြောရရင်..ကျွန်မထွက်ပြေးလာတာပါ ”
“ ဘယ်လို...Mabel Kim Vဆီကနေလား ”
“ Jeon Ianဆီက ”
“ Venus Jeon Ian?.. ဘာလို့လဲ ”
“ သူနဲ့လက်မထပ်ချင်လို့... ”
Noble Jung J-Hopeခဏတိတ်ဆိတ်သွားသည်။ပြီးမှ...
“ အဲ့ဒါကထားပါဦး လူလိမ်မလေး တဲ့လား တကယ်ရယ်ရတဲ့နာမည်ပြောင်လေးပဲ ”
J-Hopeက လှောင်ရယ်သလိုပြောလာသည်။
“ အဲ့တာက..အဲ့ဆိုင်ရှင်အန်တီကြီးလျှောက်ခေါ်တာပါ သေချာလည်းမသိဘဲနဲ့...အဲ့တာဟိုလူလိမ်ကောင်ကြောင့်...ကျွန်မရဲ့ပိုက်ဆံတွေအကုန်ခိုးပြီး ဒီဆိုင်မှာပိုက်ဆံတောင်မရှင်းဘဲပစ်ထားခဲ့တာ...ပြန်စဉ်းစားလိုက်တိုင်းဒေါသထွက်တယ်..”
“ လူလိမ်တွေကအများကြီးပဲ...အလိမ်ခံရတာကမင်းညံ့လို့ပေါ့ ”
J-Hope ကခပ်တည်တည်နဲ့ပြောလာတော့Lauraအကြည့်စူးစူးတစ်ချက်နဲ့ပြန်ကြည့်ပေးလိုက်သည်။
“ ကျွန်မညံ့လို့ပဲထားပါတော့...ရှင်ကရောဘယ်သွားမှာလဲဟင်.. ”
“ ဒီလိုပဲရောက်တတ်ရောက်ရာပေါ့ ဖြစ်နိုင်ရင်Nobleမြို့နဲ့အဝေးဆုံး ”
“ ဘာဖြစ်လို့လဲ ရှင်ရောအိမ်နဲ့အဆင်မပြေလို့ထွက်ပြေးလာတာတော့မဟုတ်ဘူးမလား ”
“ ဒီတစ်ခါတော့မင်းဉာဏ်ထက်သားပဲ မှန်တယ်
ငါလည်းအိမ်ကထွက်ပြေးလာတာ.. ”Lauraအံ့ဩသွားပြီးJ-hopeကိုသေချာကြည့်လိုက်သည်။သူ့မျက်နှာကတော့ပုံမှန်အတိုင်းပင်။
သေချာတာကတော့..ဒီထဲကJ-Hopeအတော်ကိုလျှို့ဝှက်လွန်းလှသည်။တိတ်ဆိတ်သွားတဲ့လေထုကိုဖြိုခွင်းဖို့Lauraစကားတစ်ခုဆိုလိုက်သည်။
“ မဆိုးပါဘူး...ကျွန်မတို့နှစ်ယောက်ကအတူတူပဲပေါ့ ”
“ အင်း...မဆိုးဘူး..ဒါပေမယ့်..ကောင်းလည်းမကောင်းဘူး..အခုငါ့ရဲ့နောက်ကိုNobleမြို့ကစစ်သည်တွေနဲ့ရဲမက်တစ်ချို့လိုက်နေလောက်သလို
မင်းနောက်ကိုလည်းVenusမြို့ကJeon Ianလွှတ်ထားတဲ့လူတွေလိုက်ရှာနေပြီ..သေချာတွက်ကြည့်ရင်ထွက်ပြေးရမယ့်နှုန်းထားပိုများသွားပြီ ”
YOU ARE READING
My 7 Alphas
Fiksi Penggemary/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo