EP-57(There has no right and wrong)

605 63 17
                                    

*For Unicode*

Xavierရဲ့စကားဟာမှန်နေသည်မို့ဘယ်သူမှဆက်မပြောနိုင်တော့ဘဲ ငြိမ်သက်သွားသည်။
ထိုအချိန်...

" ကိုပြောတာမှန်တယ် ငါတို့တွေအားလုံးအတ္တတွေနဲ့အမှောင်ဖုံးနေခဲ့ကြတာတစ်ယောက်မှမှန်မနေဘူး...ငါတို့တွေအကုန်အတိတ်မှာမှားခဲ့ကြတယ်အဲ့အမှားကအခုငါတို့ရဲ့ကလေးတွေအထိပါပတ်သတ်လာပြီးဆက်မှားကုန်ကြလိမ့်မယ်ငါတို့ကဆက်မမှားဖို့အတိတ်ကအမှားကိုပြင်ဆင်ပေးကြရမှာ..ငါလည်းမှားခဲ့တယ်..ကိုလည်းမှားခဲ့တယ်..ကြင်ယာတော်လည်းမှား‌ခဲ့တယ်..သခင်ကြီးလည်းမှားခဲ့တယ်...မလည်းမှားခဲ့တယ်..အကုန်လုံးမှားခဲ့ကြတာ..အကုန်အတ္တတွေမာနတွေနဲ့အချစ်တွေကြောင့်စုံလုံးကန်းခဲ့ကြတာ... အဲ့တာဆိုရင်ဘာလို့အခုအတ္တတွေကိုခဝါချဖို့မကြိုးစားကြတာလဲ ငါလည်းမှားခဲ့တယ်..ငါဒီနေရာမှာပဲ ဝန်ခံလိုက်မယ်..ငါကလေးချင်းလဲခဲ့တယ်..တကယ်တော့ငါ့ရဲ့ကလေးကKim Vမဟုတ်ဘူး ငါကိုယ်တိုင်လဲခဲ့တာ..ဘာလို့လည်းဆိုတော့ငါချစ်ရတဲ့သူရဲ့သွေးသားကိုလိုချင်လို့ငါမချစ်ရတဲ့သူရဲ့သွေးသားနဲ့လဲလှယ်ခဲ့တာ..ဘာလို့လဲဆိုတော့ငါကအတ္တတွေဖုံးလွှမ်းနေခဲ့တာမို့လို့..တောင်းပန်ပါတယ်ကို တောင်းပန်ပါတယ်ကြင်ယာတော် တောင်းပန်ပါတယ်သမီးလေး.. Laura..အမေသမီးကိုပစ်ပယ်ခဲ့မိတယ်... "

' ဟမ် ခဏခဏ..အဲ့လိုကြီးအကုန်ဖွင့်ပြောတော့မှာလား အဲ့လိုဆိုရင်ငါ့missionကြီးFailသွားမှာ‌လေ..မဟုတ်သေးဘူး!! မဟုတ်သေးဘူး..ဒီလိုကြီးပြောလိုက်မယ်လို့ဘယ်သူကထင်မှာလဲရက်စက်လိုက်တာဒီထဲကမွေးမိခင်ရယ်..နည်းနည်းလောက်ထပ်စောင့်လိုက်ရင် သမီးကလူစွမ်းကောင်းကြီးလုပ်ပြီးဖော်ပေးမှာပေါ့လို့... '

Lauraယခုအချိန်လေးတွင်systemမှတစ်ခုခုမပြောလာဖို့ကြိတ်ဆုတောင်းနေရသည်။

ပြစ်ဒဏ်တော့ထပ်မခံချင်ပါ။ဒါတော့လုံးဝလုံးဝမဖြစ်ချင်ပါ။ဒါပေမယ့်systemရဲ့စကားသံအစားငိုရှိုက်သံတစ်ခုသာထွက်ပေါ်လာခဲ့သည်။

Doraငိုသည်။Xavierကdoraရဲ့ပုခုံးကိုပုတ်ကာနှစ်သိမ့်ပေးသည်။Xavierကားအမြဲတမ်းDoraဘေးနားတွင်အရိပ်တကြည့်ကြည့်နဲ့ရှိနေခဲ့သည်ကဟိုးအရင်တုန်းကအတိုင်းပင်။ဘာမှမပြောင်းလဲသွားခဲ့။

My 7 AlphasWhere stories live. Discover now