EP-37(Moon and River)

731 86 37
                                    

*For Unicode*

Lauraသည်ကောင်မလေးနဲ့အတူJulian Kim Jinဆီမလိုက်သွားခင်Kim Vနဲ့Lillianတို့အားတစ်ချက်စောင်းကြည့်လိုက်သည်။

Kim Vသည်Lillianအားအဆင်ပြေမပြေမေးမြန်းနေပြီးLillianကတော့Lauraအကြောင်းအားKim Vကိုပြန်လည်မေးမြန်းနေတာပဲဖြစ်သည်။

Kim VဟာLauraကိုတစ်ချက်စောင်းကြည့်လိုက်ပြီးLillianအားခေါင်းခါပြလိုက်သည်ကိုတွေ့လိုက်ရသည်။Lauraလည်းဆက်ကြည့်မနေတော့ပဲထိုကောင်မလေးနဲ့ထွက်လာခဲ့တော့သည်။

“ ညီမလေးရဲ့အသက်ကဘယ်နှနှစ်လဲ ”

ထိုကောင်မလေးကပါးစပ်ကမဖြေဘဲလက်သေးသေးလေးတွေနဲ့လက်၆ချောင်းထောင်ပြသည်။

“ ၆နှစ်ပေါ့ ”

‘ ဟုတ်မမကရော ’

“ မသိဘူး ”

‘ ဟင် သမီးတောင်သိတာကိုမမကဘာလို့မသိတာလဲ ’

မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်ပြီးတအံ့တဩပြန်မေးလာပုံကတကယ်ချစ်ဖို့ကောင်းလွန်းလှသည်။

“ မမက အတိတ်မေ့နေတာတဲ့လေ အဲ့တာကြောင့်ဘာမှမသိတော့တာ ”

‘ တော်တော်ဆိုးတာပဲ မမနဲ့သခင်လေးက‌ဘာတွေလဲဟင် ’

“ ဘာမှမဟုတ်ပါဘူး ဘာလို့မေးတာလဲ ”

‘ မမကချစ်ဖို့ကောင်းလို့ သခင်လေးနဲ့တွဲရင်လိုက်ဖက်မှာပဲလို့တွေးမိလို့ပါ စကားမှားသွားရင်တောင်းပန်ပါတယ်မမ ’

“ ဘာလို့တောင်းပန်တာလဲတောင်းပန်စရာမလိုပါဘူး ဒါနဲ့ညီမလေးနာမည်က ”

‘ Alina Julian မမကရော အော်..မမကမမနာမည်ကိုလည်းမသိဘူးလား ’

“ မဟုတ်တာသိပါတယ် သူတို့ပြောတာ Laura Mabelတဲ့ ဒါနဲ့Kim Jinဆီကိုမရောက်သေးဘူးလား ”

လျှောက်လာရတာကြာပြီဖြစ်သော်လည်းမရောက်သေးတာမို့Lauraမေးလိုက်သည်။
ထိုAlinaဆိုတဲ့ကောင်မလေးကခေါင်းခါပြပြီး ဆက်လျှောက်သွားသည်။

' တော်တော်ကြီးတဲ့Julianစံအိမ်ကြီးပဲ တစ်‌ခန်းနဲ့တစ်ခန်းသွားဖို့တောင်အကြာကြီးဟူးးး....ပင်ပန်းလိုက်တာနော်.... Kim Jinကငါ့ကိုဘာလို့ခေါ်တွေ့တာပါလိမ့် '

My 7 AlphasWhere stories live. Discover now