*For Unicode*
" Noona!! ကျွန်တော်... တကယ်ကိုလွမ်းနေခဲ့တာ"
" ဟမ်.. "
Jeon Ianစကားကြောင့် Lauraအံ့ဩသွားကာ အာမေဍိတ်အသံထွက်သွားမိတော့ Ianကပြုံးလာကာ Lauraရဲ့ခေါင်းကိုပုတ်ပေးလာသည်။
" ဘာ..ဘာလုပ်တာလဲ..! "
" လွမ်းနေတာလို့ "
*ဘုတ်*ခနဲတောင်အသံမြည်သွားလားလို့အောက်မေ့ရအောင် lauraရဲ့နှလုံးသားဟာ Ianရဲ့အပြုအမူနဲ့စကားတွေကြောင့် ကြွေကျသွားသည်။
" ငါ..ငါ... "
မျက်နှာကြီးသာနီရဲလာပြီးမည်သည့်စကားကိုဘယ်လိုဆက်ပြောရမလဲမသိတော့အောင်ကိုLauraရှက်သွားသည်။
" Noonaကရှက်နေတာလား "
" မ..မဟုတ်ပါဘူး "
" အဲ့တာဆိုရင်ဘာလို့အဲ့လောက်ထိNoonaရဲ့မျက်နှာကြီးကနီရဲနေရတာလဲ "
" ငါ..ငါခုနက ဟိုအကောင်တွေနဲ့တိုက်ခိုက်ပြီးမောနေလို့ဒီလိုဖြစ်နေတာ "
" အဲ့တာဆိုရင်ကျွန်တော်က အခုကစပြီး
ကာကွယ်ပေးမယ် Noonaဘာမှမဖြစ်အောင်လို့အမြဲတမ်းအရိပ်တကြည့်ကြည့်နဲ့ ကာကွယ်ပေးမယ် Noonaအဲ့လောက်ဆိုရင် ကျွန်တော့်ကို Noonaရဲ့mateအဖြစ်သတ်မှတ်ပေးလို့ရပြီလား"" Laura!! နင်ဘာတွေလုပ်နေတာလဲ မနက်ဖြန်ကျရင်ငါတို့ပြန်လို့ရမှာ ငါနဲ့ပြန်လိုက်ခဲ့ "
ရုတ်တရက်ရောက်လာတဲ့Kim Vက Ianကိုဂရုမစိုက်ဘဲ lauraလက်ကိုကိုင်ဆွဲလာသည်။
" အဲ့လိုမျိုးအသာတကြည်နဲ့Noonaကိုဆွဲခေါ်သွားလို့ရမယ်ထင်နေတာလား "
ကျန်တဲ့လက်တစ်ဖက်ကို Jeon Ianကပြန်ဆွဲကိုင်လိုက်ပြီးKim Vကိုအေးစက်စွာနဲ့ပြောလိုက်သည်။
'ငါ ဒါမျိုးကိုကြုံဖူးတယ်လို့ဘာလို့ခံစားနေရတာလဲ '
' အော်ဟုတ်သား Julian Kim Jinနဲ့စတွေ့တုန်းကလည်းKim Vနဲ့ဒီလိုမျိုးငါ့လက်ကိုအပြိုင်ဆွဲကိုင်ခဲ့ကြသေးတာပဲ '
ကိုယ့်ဟာကိုယ်ပြန်တွေးရင်း ပီတိတွေဝေလာသည် ။ ငါလေးက ဒီထဲရောက်ပြီးမှ တော်တော်ကြီးကိုစွံသွားတာပဲ။
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo