*For Unicode*
" ဘာ...!မောင့်ကိုဆေးခပ်တာက Xavierလား
ဘာအကြောင်းအတွက်နဲ့လဲ..! "" အဲ့တာကိုအခုထိမစုံစမ်းနိုင်သေးပါဘူးကြင်ယာတော် "
" ဟုတ်ပြီထားလိုက်.. kendraကရော.. "
" အခုထိအိမ်ထဲကနေမထွက်လာပါဘူး သူ့အိမ်ကိုအမြဲအဝင်အထွက်လုပ်နေတဲ့အစေခံတစ်ယောက်ပဲရှိပါတယ် "
" ဟုတ်ပြီ ဆက်စုံစမ်းထားဦး "
" နောက်ပြီး..ကြင်ယာတော်... Xavierနဲ့Doraကလက်ထပ်ကြတော့မယ်တဲ့.."
" Doraနဲ့ကKendraမဟုတ်ဘူးလား ဘာလို့ရုတ်တရက်ကြီးလက်ထပ်ဖို့လုပ်ကြတာလဲ "
" အဲ့တာက..Doraမှာကိုယ်ဝန်ရှိနေပါပြီတဲ့ "
" ဟုတ်ပြီ..မင်းပြန်တော့ "
ကြင်ယာတော်ကထိုလူကိုပြန်ခိုင်းလိုက်ပြီးနောက်မှာတော့ Doraရဲ့ကိုယ်ဝန်ဟာXavierရဲ့ကလေးဘယ်လိုမှမဖြစ်နိုင်ကြောင်း တွေးမိသည်။
" အချစ်..ဘာတွေငေးမှိုင်နေတာလဲ "
" ဟာ..မောင်...ဘယ်တုန်းကပြန်ရောက်လာတာလဲအစည်းအဝေးသွားတယ်ဆိုပြီး "
" ခုနကမှပါ ဒါက..အချစ်အတွက်..ဝယ်လာတာ..
Nobleမြို့ကအမဲစွပ်ပြုတ်..ရော့...ဒါသွားထည့်ပြီးကြင်ယာတော်ကိုတိုက်လိုက်ပါ "သခင်ကြီးဝယ်လာသည့်အမဲစွပ်ပြုတ်ကမွှေးကြိုင်လွန်းလှပြီးသောက်ချင်စဖွယ်အတိဖြစ်နေသည်။
ဒါပေမယ့်ထိုအနံ့ကိုNoahမခံနိုင်..နှာခေါင်းတစ်ဝိုက်တွင်အမဲညှီနံ့များရလာပြီး..ရင်ဘတ်ထဲကလှိုင်တက်ကာအော်ဂလီဆန်လာလေသည်။
" အော့!.. မောင်..ဒီအမဲသားကအရမ်းညှီလွန်းတယ်ကျွန်တော်မစားတော့...အော့ "
" ဘယ်လိုဖြစ်ရတာလဲမောင့်အချစ်ရယ်..မွှေးကြိုင်နေတာပါ..မောင်တော့ညှီနံ့မရပါဘူး "
" မရဘူးမောင်..ကျွန်တော်မခံနိုင်ဘူး "
သခင်ကြီးရဲ့မျက်လုံးလေးတွေလက်ခနဲဖြစ်သွားသည်။
" အချစ်...မဟုတ်မှလွဲရော..အချစ်မောင့်ကိုယ်ဝန်ကိုဆောင်ထားရပြီလား...သမားတော်ကြီးကိုသွားခေါ်လိုက်Min Han!! "
YOU ARE READING
My 7 Alphas
Fanficy/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo