Ep-47(Welcome from Mabel)

736 84 40
                                    

*For Unicode*

#welcome from Mabel#

လှည်းကိုတကယ်ဖင်ညောင်းအောင်စီးပြီးနောက်မှာတော့ စိတ်ချမ်းသာစရာထိုဆိုင်းဘုတ်လေးအားLauraတွေ့လိုက်ရလေသည်။

Lauraအတွက်ဖင်ပူအောင်ထိုင်ရတဲ့အလုပ်ဟာကမ္ဘာပေါ်မှာပျင်းစရာအကောင်းဆုံးအလုပ်ဖြစ်သလိုအမုန်း‌ဆုံးလည်းဖြစ်သည်။

“ ရပြီဒီအထိပဲလိုက်ပို့ပါတော့..Julianသခင်ကြီးကိုလည်းလိုက်ပို့ပေးလို့ကျေးဇူးတင်ကြောင်းပြောပေးပါ ”

" ဟုတ်ကဲ့ပါ "

လှည်းသမားဟာတော့အံ့ဩဖို့ကောင်းလောက်အောင်လှေသမားနဲ့တစ်ထေရာတည်းတူသည့်အမြွှာညီအစ်ကိုဖြစ်သည့်စရိုက်ကတော့အလွန်ကွာခြားကာရိုးရိုးနဲ့ယဉ်ယဉ်ကျေးကျေးလေးဖြစ်သည်။

စစချင်းလှည်းသမားကိုတွေ့တုန်းက လှေသမားလှည့်စားထားသည်ထင်ပြီးLauraတို့ရန်တွေ့မလိုတောင်ဖြစ်ခဲ့ပါသေးသည်။လှည်းသမားကယဉ်ယဉ်ကျေးကျေးနဲ့ပဲပြန်ရှင်းပြပြီး လိုရာခရီးကိုရောက်အောင်ပို့ပေးခဲ့သည်။

အခုတော့သုံးယောက်သားလမ်းလျှောက်ပြီးMabelမြို့ထဲသို့ဝင်ကြရတော့သည်။
Kim Vကလှည်းပေါ်ကဆင်းဆင်းချင်းလက်မှာစီးထားတဲ့အင်္ကျီစကိုဆွဲဖြုတ်လိုက်သည်။Lauraစိတ်ပူစွာနဲ့သွေးဆက်ထွက်မထွက်ကြည့်နေပေမယ့်လည်းသွေးကားလုံးဝတိတ်သွားခြင်းဖြစ်သည်မို့ သက်ပြင်းကိုအသာလေးချလိုက်တော့သည်။

“ တွေ့လား ငါ့အနာကျက်နှုန်းကမြန်ပါတယ်ဆို”

“ ငါကဘာပြောနေလို့လဲ ”

“ နင်ကစိုးရိမ်တဲ့မျက်လုံးတွေနဲ့ကြည့်နေတာကိုLauraရဲ့ ”

Lauraဘာမှပြန်မပြောနိုင်ဘဲရှက်စိတ်ကြောင့်ခေါင်းသာငုပ်လိုက်ပြီး...အရှေ့ကနေဦးဆောင်ဝင်သွားလိုက်တော့သည်။

*Mabelမြို့တော်...*

Mabelမြို့တော်ကားJulianလောက်မကြီးမား၊မခန့်ထည်ပင်။သာမန်မြို့လေးတစ်မြို့လောက်သာဖြစ်ပြီး နေရာတိုင်းတွင်မြှားနဲ့ပက်သတ်သောအရောင်းဆိုင်များရှိနေသည်။
အိမ်ပုံစံလေးတွေကတော့အကုန်လုံးနီးပါးတစ်ပုံစံလေးတွေဖြစ်ကာလူတွေကတော့စည်ကားပါသည်။

My 7 AlphasWhere stories live. Discover now