Extra -5 နွေဦး၌....
ကျားယန်ကမူ သူမကြားလိုက်ရသည်ကို အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့ရလေသည်။
သူမက ပိုင်လီက ပန်းတချို့ခူးပြီးသွားလို့ ပြန်တော့မယ့်အချိန်မှပဲ နားလည်သွားလို့ မယုံနိုင်ဖြစ်ကာ ကြောက်လန့်တကြားနှင့်..
"သခင်! သခင်! ကျွန်မကို ရောင်းမယ်လို့ ပြောလိုက်တာလား ဘာလို့လဲ ကျွန်မ ဘာများ အမှားလုပ်ထားလို့လဲ"
ပိုင်လီက သူ့ရှေ့တွင် တားထားသော အမျိုးသမီးကို ကြည့်လိုက်၏။ ဒီအချိန်ဆို သူ့ဇနီးလေးက နိူးနေလောက်ပြီဖြစ်၍ သူက အမြန်ပြန်ချင်နေပြီဖြစ်သည်။
ဒါကြောင့် သူက ...
"မင်း ဘာအမှားလုပ်ထားလဲလို့ မေးတာလား မင်းအထင် မင်း ငါ့ရဲ့ဇနီးကို ကွယ်ရာမှာ မလေးမစားလုပ်တာတွေကို ငါမသိလောက်ဖူးလို့များ ထင်နေတာလား မင်းကတကယ် မသိတဲ့ပုံဆိုရင်တော့ ပြောပြရတာပေါ့ ငါကအစောကြီးထဲက မင်းကိုပြန်ရောင်းချင်ခဲ့တာ ငါ့ရဲ့ဇနီးကသာ မတားဘူးဆိုရင် မင်းဒီအချိန်ထိ ရှိနေနိူင်မှာတောင်မဟုတ်ဘူး ငါအစကတော့ ငါ့ရဲ့ဇနီးကို အစေခံတွေအပေါ် အားနာလွန်းရင်ဖြစ်လာမယ့်အကျိုးဆက်ကို မင်းကိုဥပမာထားပြီး ပြချင်ခဲ့တာပေမယ့် အခုတော့မလိုတော့ပါဘူး အခုချိန်မှာ ငါတို့က စိတ်အနှောက်ယှက်ဖြစ်ဖို့မပြောနဲ့ မျက်စိနောက်တာတောင် မခံနိုင်လို့လေ"
ထိုသို့ပြောခဲ့ကာ ပိုင်လီက ထွက်သွားခဲ့၏။
ရှင်းလုနဲ့ကျူးလင်ကတော့ သူမတို့သခင်က ကျားယန်ကို ပြန်ရောင်းဖို့ကို စိတ်ဆုံးဖြတ်ပြီးသွားပြီဆိုတာ ရိပ်မိသွားလို့ သူမတို့က လှောင်ပြုံးပြုံးလိုက်ကျသည်။ သူမတို့က အစောကြီးထဲက ဒီလိုနေ့ရောက်လာမယ်ဆိုတာ သိခဲ့ပြီး ရောက်လာတာကနည်းနည်းနောက်ကျနေပေမယ့် ရောက်လာနေတုန်းပါပဲ။
ထို့နောက် သူမတို့သည် ပိုင်လီနောက်သို့လိုက်ကာ သူမကိုမရောင်းဖို့ တောင်းဆိုချင်နေသည့် ကျားယန်ကို မလိုက်နိုင်စေရန် ဆွဲခေါ်သွားခဲ့ကျ၏။ ဒါကြောင့် ဥယျာဥ်ထဲမှာ အနည်းငယ်ဆူညံသွားပေမယ့် ခဏကြာတော့ ပြန်လည်တိတ်ဆိတ်သွားခဲ့ပေသည်။
YOU ARE READING