ဆောင်းဦးသို့တဖန်...

7.4K 778 25
                                    

အပိုင်း (၁၉၀) ဆောင်းဦးသို့တစ်ဖန်...

နောက်တော့ သူတို့က သိပ်မကြာခင်မှာ ဆိပ်ကမ်းမြို့က သမားတော်ဆီကို ပြန်သွားပြီး လိုအပ်တဲ့ဆေးတွေအတွက် သမားတော်နဲ့တိုင်ပင်ပြီး ညှိနှိုင်းခဲ့ပါကျတယ်။

နောက်ထပ် နေ့ရက်တွေကတော့ ပုံမှန်အတိုင်းပါပဲ။ အချိန် အများစုက အေးဆေးသက်သာစွာနဲ့ စိတ်ချမ်းသာနေမှာဖြစ်ပြီး ဒီတစ်ခါတစ်လေမှာလည်းပြဿနာအသေးမွှားလေးတွေတော့ ရှိလာမှာပဲလေ။

သူတို့က ပြဿနာတွေကို ခေါင်းအေးအေးနဲ့ရင်ဆိုင်ဖြေရှင်းရင်း၊ သူတို့ရဲ့လယ်ယာလုပ်ငန်းတွေကို ဂရုစိုက်ရင်း၊ နောက်ပြီး အရေးအကြီးဆုံးဖြစ်တဲ့ သူတို့မိသားစုဝင်တွေကို ဂရုစိုက်ရင်းနဲ့ အချိန်ကုန်ဆုံးနေကျမှာဖြစ်သလို တစ်ခါတစ်ရံဆို သူတို့ရဲ့မိသားစုဝင်တွေ ပျော်ရွှင်အောင်လည်း ကိစ္စတစ်ချို့ကို ဖန်တီးပေးပါလိမ့်မယ်။

အချိန်တွေဟာ ဒီလိုမျိုးနဲ့ လည်ပတ်နေမှာပါပဲ။

တစ်နေ့ပြီးတစ်နေ့ဟာ တိုင်ပင်ဆွေးနွေးသံတွေ၊ ချစ်ခင်စွာစနောက်သံတွေနဲ့ ပြည့်နှက်နေလိမ့်မယ်။

အချိန်တွေကုန်ဆုံးတာက သိတဲ့အတိုင်း အလွန်ကိုလျှင်မြန်သည်။

မကြာခင်မှာ နွေရာသီကိုဖြတ်ကျော်လို့ ဆောင်ဦးရိတ်သိမ်းချိန်ကို ရောက်လာခဲ့ပါတော့တယ်။

ဒါပေမယ့် စိတ်မကောင်းစရာ ကောင်းစွာနဲ့ပဲ ပိုင်လီရဲ့ဆန်ချောတွေက လုံးလုံးပျက်စီးသွားခဲ့ရဲ့။ သူတို့က နည်းနည်းလေးမှတောင် အကောင်းပြန်မရခဲ့ဘူး။

ဒါကြောင့်ပင် ပိုင်မိသားစုသည် ၎င်းတို့၏ ဆန်ကြမ်းလယ်တွေက အထွက်နှုန်းကောင်းပါသော်လည်း ပိုင်လီတို့အိမ်က ကိစ္စကြောင့် စိတ်အဆင်မပြေဖြစ်နေကျကာ အိမ်တွင်းလေထုကလည်း အတော်လေး စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေခဲ့လေသည်။

သူတို့က ဆုံးရှုံးသွားရမှုတွေကြောင့် စိတ်အခြေနေမကောင်းနေပြီကို ဘေးလူတွေကြောင့်လည်း အတော်လေး ဒေါသထွက်ခဲ့ကျရပါတယ်။

ပိုင်လီရဲ့ဆန်ချောစပါးပင်တွေက အစပိုင်းမှာ အခြေနေကောင်းဟန်တွေပြခဲ့တော့ စောင့်ကြည့်နေတဲ့ လူအများစုက မြောက်ပင့်ကာ ခိုကပ်ချင်ခဲ့ကျသော်လည်း ပိုင်လီကျရှုံးသွားသော အခါတွင်တော့ သူတို့က တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်ဖုံ အတင်းဖျင်းများပြောလာခဲ့ကျကာ တချို့ဆို စိတ်မကောင်းဖြစ်တာလိုလိုနှင့် ဝေဖန်အပြစ်တင်သူများလည်း ရှိသေးသည်ပင်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now