Extra 1/2

5.6K 578 6
                                    

Extra (1) နွေဦး၌...

နွေဦးသို့ ရောက်ခဲ့ပြန်ပြီ​ဖြစ်သည်။

ပြီးခဲ့တဲ့ဆောင်းတွင်းမှာတော့ နန်ချောင်းရွာက အရင်နှစ်တွေနဲ့ယှဥ်ရင် အတော်လေး ချောင်လည်လာခဲ့တယ်လို့ ပြောလို့ရပြီး ရွာသားတွေဟာ ကျပ်တည်းနေတုန်းပဲတချို့လည်း ရှိတယ်ဆိုပေမယ့် ဒီနှစ်မှာတော့ အဆာလွန်ပြီး သေဆုံးတဲ့သူရယ်လို့ မရှိတော့ပါဘူး။

ဒါသည် ပိုင်မိသားစုနှင့် တိုက်ရိုက်နီးပါး သက်ဆိုင်နေပေသည်။

ပုံမှန်နှစ်တွေမှာဆိုရင် သူတို့က လယ်အလုပ်မရှိချိန်တွေမှာ ဝင်ငွေနည်းနည်းရဖို့အတွက် အလုပ်တွေကို ပတ်ရှာနေခဲ့ကျရတာလေ။

ပြီးခဲ့တဲ့နှစ်မှာတော့ ပိုင်လီက ရုတ်တရက်ကြီးပြောင်းလဲသွားတာကနေ  အစပြုလို့ ပိုင်မိသားစုဟာလည်း လျှင်မြန်စွာနဲ့ ကြွယ်ဝလာခဲ့ကျသလို သူတို့ရဲ့ ရာနဲ့ချီတဲ့လယ်မြေတွေဟာလည်း ရွာသားတွေကို အလုပ်အများကြီး ပေးနိုင်ခဲ့ပြီး ဆောင်းရာသီအတွက် စုဆောင်းနိုင်ခဲ့ကျသည်။

ထို့ကြောင့် ဒီရလဒ်က ဆောင်းရာသီမှာ သိသာစွာထင်ရှားလာအပြီးတွင် အရင်က ပိုင်လီကို အကောင်းမမြင်သူတချို့ကတောင် သဘောထားများ ပြောင်းစပြုလာခဲ့ကျ၏။

အရင်ကဆို ပိုင်လီရဲ့လယ်သူဌေးအဖြစ် ကူးပြောင်းသွားမှုက အရမ်းမြန်လွန်းနေတာကြောင့် ရွာသားတွေက ပိုင်လီကို လယ်သူဌေးဖြစ်သွားပြီလို့ ပြောနေကျပေမယ့်လည်း တကယ်တမ်း လယ်သူဌေးပိုင်လို့ ခေါ်ဆိုဖို့ရာတော့ အနည်းငယ် လက်တွန့်နေခဲ့ကျတာလည်းဖြစ်သည်။

ဒီလူက ဘယ်သူမှတ်လို့။ နှစ်တွေဆယ်ချီအောင် သူတို့တွေက အမှိုက်ကောင်ရယ်လို့ ဆဲဆိုလာခဲ့တဲ့သူလေ။ ဒါကို အခုမှ ကြီးကျယ်တဲ့ဂုဏ်ပုဒ် တပ်ခေါ်ဖိူ့က သူတို့အတွက် နည်းနည်းမလွယ်ကူခဲ့တာပေါ့။

သို့သော် ဆောင်းရာသီအပြီးမှာတော့ လူများသည် သူတို့၏ ဒီနှစ်ဆောင်းရာသီ အခြေနေများကို အပြန်လှန်ပြောကြားကျရင်း ပိုင်လီအား လယ်သူဌေးပိုင်ဟု ညွှန်းဆိုလာခဲ့ကျလေသည်။

ပြီးတော့ ပိုင်လီက ဒီနယ်တစ်ဝိုက်မှာဆိုရင် နာမည်ကြီးပါပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now