chapter -124-[ဝိုင်ချက်စက်ရုံတည်ဆောက်ခြင်း]

430 106 5
                                    

chapter -124-[ဝိုင်ချက်စက်ရုံတည်ဆောက်ခြင်း]

အဖွားလုက ထိုသတင်းကြားပြီးကတည်းက သုန်မှုန်နေသည် ။

" ဧကရာဇ်က အရမ်းတွန့်တိုတာပဲ ။ ဆုချီးမြင့်တဲ့အနေနဲ့ ငါတို့ကိုဘာလို့ငွေမပေးရတာလဲ ဒီလိုမျက်စိနောက်စရာကောင်းတဲ့ဂုဏ်ပြုစာကိုဘယ်သူကလိုအပ်မှာလဲ ။ ငါတို့က ငွေလိုအပ်တာ စာကိုမဟုတ်ဘူး  "

အဖွားအိုက ဒေါသတကြီးပြောသည် ။

လုအန်း သက်ပြင်းချလိုက်သည် ။

" အမေစကားကိုဂရုစိုက်ပါဦး ဘုရင်မင်းမြတ်ကိုအလေးမထားပဲဆွေးနွေးပြောဆိုတာက အရမ်းကြီးတဲ့ရာဇဝတ်မှုနော် ။ အဲ့ဒါအတွက်နဲ့ ကျွန်တော်တို့တွေထောင်ထဲမှာပဲ အဆုံးသတ်သွားရလိမ့်မယ် ။ "

အရင်ကမြို့မှာအလုပ်လုပ်ခဲ့တဲ့လုအန်းက ဗဟုသုတနည်းတဲ့သူ့အမေထက်ပိုသိသည် ။

အဖွားလုက ကိုးရိုးကားယားဖြစ်စွာပြောသည် ။

" သား ဘာပြောတာလဲ အမေက အိမ်မှာပဲ ဒီအကြောင်းကိုပြောတာပါ ဧကရာဇ်နဲ့ပတ်သတ်ပြီးတော့ ငါလျှောက်မပြောပါဘူး ။ "

" အမေ မသိဘူးနော် ဆုကြေးငွေကအများကြီးရတာ ငွေပြား ထောင်ချီပြီးရတယ်လို့ကြားပေမယ့် ဘယ်သူမှ ကျွန်တော်တို့ဆီလာမပို့ဘူး ။ လုလင်းက အကုန်ရပြီးနေလောက်ပြီ ကျွန်တော်တို့ပြောနေတာ ငွေပြား ထောင်ချီကိုနော် ကျွန်တော့်ရဲ့လစာငွေနှစ်ပြားကိုကောင်းနေပြီလို့ထင်ခဲ့တာ ကျွတ်စ် ကျွတ်စ် ကျွတ်စ် အဲ့ဒါကဘာမှမဟုတ်ဘူးပဲ "

အဖွားလုရဲ့မျက်လုံးတွေက ရဲတက်သွားသည် ။

" ဒါကဝတ္တရားမဲ့လွန်းတယ် ဒီကောင်စုတ်လေးက အဲ့လောက်ငွေအများကြီးကိုရပြီးနေပြီ ။ ဧကရာဇ်က ဆုကြေးငွေတွေကိုသူ့အစားငါတို့ကိုပေးသင့်တာ ။ "

အဖွားအိုကြီးကတွေးသည် ။
' ငွေပြားတွေသာငါ့ဆီကိုပို့လာရင် ငါ့အသက်နဲ့လဲပြီးအဲ့ဒါတွေကိုစောင့်ရှောက်မယ် ။ ဘယ်သူမှငါ့ဆီကနေလာမယူစေရဘူး လုလင်းအပါအဝင်ပဲ '
[🤌]

အဖွားလုအတွက်တော့ ငွေအများကြီးရမယ့်အခွင့်အရေးကိုဆုံးရှုံးလိုက်ရတာထက် ပိုပြီးနာကျင်စရာကောင်းတာဘာမှမရှိတော့ပေ ။ အဖွားလုက လုလင်း ဧကရာဇ်ရဲ့ဆုချီးမြင့်မှုကို ခံခဲ့ရတဲ့ကိစ္စကို ရိုးရိုးရှင်းရှင်းပင် လက်မလွှတ်နိုင်တာမို့ တစ်ညလုံးအိပ်မရဖြစ်ကာ သုန်မှုန်နေခဲ့သည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now