part - 2 (Uni)

6.4K 314 5
                                    

အိမ်အောက် ကြက်ခြံထဲတွင် ကြက်များ အော်သံက စျေးမကြီးရွာ တွင်း၌အောင်မြင်စွာ ပေါ်ထွက်လာသည်
"အော့အီအီအွတ် " လို့တော့မဟုတ် " အက် အက် ဂတ် ဂတ်" ဆိုသည့် ဆိုးရွားစူးရှလှသော  ကြက်သံများသာဖြစ်သည်

"ကိုမင်းညို တော် မနက်အစောကြီး ဘာထလုပ်နေတုန်း"

" ရှူး "

ဦးမင်းညို က  နူတ်ခမ်းပေါ်လက်ညိုးအသာတင်ကာ မိန်းမဖြစ်သူကို  အသံတိုးတိုးနေရန် အချက်ပြလိုက်သည်

" ကျုပ် သားနိုးသွားလိမ့်မယ်"

" ကဲ ဒေါ်မူယာ မင်းအသံလေးတိတ်တိတ်နေစမ်းပါဟ သွား ယာထဲဆင်းပြီး ဘူးသီးသွားခူးချေ ပြီးရင် ချက်ဖို့  အသားငါးကို စျေးထဲကဝင်ဝယ်လာ"

" မသွားချင်ပါဘူးတော် မနက်အစောကြီး ကို "

" ဒီမိန်းမ ငါလုပ်လိုက်ရ ဒီနေ့ အိမ်ကိုအရေးကြီးဧည့်သည်လာမာမို့ ဟ "

" အို ကျုပ်မှမသိတာ  အစောထဲကအဲ့လိုပြောပါပေါ့လား တကယ်တည်း"

ဒေါ်မူယာ က ဆူဆူငေါက်ငေါက်ပြောကာ အိမ်ပေါ်ထပ်ရှိပိုက်ဆံအိတ်ယူပြီး ဟင်းစားရှာဖို့  အပြင်သို့ပြန်ထွက်သွားသည်

" အဘ "

" ဟေ နိုးပြီးလား နှောင်းဇေ "

"ဒီလောက်ဆူညံနေတာကို မနိုးစရာလားဗျ"

ဦးမင်းညို က သားဖြစ်သူကို မျက်စောင်းများသာ ပိတ်ထိုးမိသည် အပျင်းကြီးအကောင်းကြိုက် ဆိုတာမျိုး

" နှောင်းဇေ မင်းသူငယ်ချင်း မဲကျော် နဲ့ ဘိုကျား ကိုသွားခေါ်ချေ"

" ဟီး ဟုတ် အဘ"

" ဟေ့ကောင် ခေါ်ပြီးတာနဲ့ပြန်လာနော် မဟုတ်ရင်ငါ့လေးဂွ ကြောင်းသိတယ်မလား"

"သိပါတယ် အားနေ အဲ့ဟာကြီးပဲ ထုတ်ထုတ်ကြွားမနေပါနဲ့"

ခြံဘေးနားက သစ်ကိုင်းခြောက်တစ်ခုကိုဆွဲနုတ်ကာ ဝေ့ရမ်းနေရင်း ခုန်ဆွခုန်ဆွ ထွက်သွားသော ညိုနှောင်းဇေ ကို ဦးမင်းညို ခေါင်းခါကာပြုံးနေမိသည်

" ဒီကောင် ကလေးလိုလို ခွေးလိုလိုနဲ့ "

_____

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now