ယေန လပြည်ညမို့ နှောင်းဇေတို့ လူငယ်အဖွဲ့က ရွာအနောက်မြောက်ဘက်မှာရှိတဲ့စိန်ပန်းပင်အောက်တွင် လူစုံရန်ချိန်းဆိုကြသည်
အမမိခိုင်နဲ့ အရီးပိုးတီ တို့အဖွဲ့ကလည်း သူတို့ပါအတူ လာမယ်ပြောတော့ နှောင်းဇေတို့လည်းသဘောတူကာ လာရန်ခွင့်ပြုလိုက်သည် မိန်းကလေး ယောကျာ်လေးဟု၍ သူတို့ဆီမာမခွဲခြားထား
အားလုံးက မောင်နှမတွေလိုပင်နေတက်ကြသူများမို့ကြောင့်ဖြစ်မည်" ကိုကြီးစံသာ ရေ့ "
နှောင်းဇေ ထန်းတောဘက်သို့လာကာအော်ခေါ်လိုက်သည် စံသာ ဆိုသည်မှာ ထန်းတောပိုင်ရှင်သာဖြစ်သည်
" ဟာ နှောင်းဇေ ပါလား "
" ကိုကြီးစံသာ ကျုပ်ဟိုတလောက မွာထားတဲ့ ထန်းရည်လေး ဟီး"
" အေးအေး ရပါ့ သူများတွေတောင်မရောင်းဘူး မင်းထွက်ချန်ထားတာ"
ကိုကြီးစံသာက ထန်းရည်များကို ရေသန့်ဘူးဖြင့်ထည့်ကာကမ်းပေးလာသည် အနည်းဆုံး 10ဘူးကျော်လောက်ရှိမည်
" လှည်းပေါ် ဝိုင်းကူတင်ပေးအုန်း ကိုကြီးစံသာ"
" အေးပါကွာ "
ကိုကြီးစံသာ က ထန်းရည် ဘူးများကိုလှည်းအနောက်သို့တင်ပေးလိုက်သည်
"နှောင်းဇေ ဖြည်းဖြည်းမောင်းသွားအုန်း "
ကိုကြီးစံသာ ကို ခေါင်းသာပြန်ငြိမ့်ပြကာ ထွက်လာခဲ့သည်
လပြည့်ညမို့ အတော်ကိုထိန်လင်းနေသည်
နွားကို ကြိမ်တို့မောင်းနေရာမှ သူရယ်လိုက်မိသည် ဒီည သူတို့တိုင်ပင်ထားသည့်အတိုင်း အကောင်ထည်ဖော်တော့မည်" ဟက် အဲ့ချိန်ကျ အဘက ကြည်ဖြူပါ့တော့မလား ကြည့်ရသေးတာပေါ့ "
သူ၏အကြံစည်က ပို၍ပင် စိတ်ဝင်စားဖို့ကောင်းတော့မည်
ခုဆို စိန်ပန်းပင်ကြီးအောက်တွင် ကြက်သားကာလသားချက် နှင့် အတူ မိန်းကလေးများလုပ်ထားသည့် လက်ဖက် ပုန်းရည်ကြီးသုတ်တို့ကအဆင်သင့်ဖြစ်နေပြီးဖြစ်သည်နှောင်းဇေ၏ တဖက်စီတွင်တော့ ထန်ရိုင်းစေ နှင့် သူငယ်ချင်းဖြစ်သူ ဘိုက်ားက ဝင်ထိုင်သည် ထက်ယံပိုင်တို့ကတော့ မဲကျော်နှင့် အတူထိုင်သည် မိန်းကလေးဖွဲ့ကတော့ သူတို့၏ ဘေးဝိုင်းတွင်ထိုင်နေကာ စကားများလုရက်ပြောနေကြသည်မှာ နားတွေကွက်မတက်
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanficကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024