" တစ်ချို့လူတွေများနော် မချစ်ဘူး မချစ်ဘူး နဲ့ အနမ်းတွေတောင်ဇွတ်ပေးတာဟေ့ "
အဲ့ညက ကိစ္စ ကို ဘိုကျား တို့ကတော့ ခုထိစလို့ကောင်းတုန်းပင် ခုလည်း ယာထဲ မြေပဲစွတ်နေသည့် မသီတာ တို့ကြားထဲမှာမှ ထပြောလာသည်
" ဟဲ့ ဘိုကျား နင့်အဲ့တာကို ရောက်ထဲက တဖွဖွပြောနေတာ ဘယ်သူကိုစောင်းပြောနေတာလည်း "
" တို့ရွာက ချစ်လူမိုက်ကြီး ကိုလေဗျာ "
" ချစ်လူမိုက် "
မသီတာက သူ့ဖော်တွေဘက်လှည့်ကာ မျက်စပစ်ပြသည် အဓိပ္ပာယ် က သူမသိလို့ ဘယ်သူလည်းပေါ့
" ဟိုကောင် စောက်စကားပဲများမနေနဲ့ စွတ်ပြီးတဲ့ ပဲတွေ ဒီယူလာ "
နှောင်းဇေ က မသီတာတို့နားထိုင်ကာ လေပေါနေသော ဘိုကျားကို မျက်နှာကြီးစူပုတ်ကာ ပြောသည်
" လာပါပြီး ကိုယ့်ချစ်လူမိုက်ကြီး ရေ "
" ဟယ် နှောင်းဇေလေးကိုပြောတာပေါ့ "
မသီတာက နှောင်းဇေကို ကြည့်ကာ ပြုံးစိစိလေး လုပ်ပြသည်
"နှောင်းဇေ ပြောစမ်း ငါ့မောင်က ဘယ်သူကိုသွားနမ်းလိုက်တာလည်း "
"ဟာ မသီတာကလည်း ကျွန်တော် က ဘာလို့နမ်းရမှာလည်း"
"ဟယ် ဟိုမှာက ဒီလောက်ပြောနေတာ "
"မနမ်းပါဘူးဆိုဗျာ "
" ဟယ် ဒါကရှက်သွားတာလား "
"မသီတာတို့နော် တော်ပြီး ကူမလုပ်တော့ဘူး"
နှောင်းဇေ မြေပဲတောင်းများကို ပစ်ချကာ ယာထဲမှထွက်လာသည်
" ပါးလေးနမ်းမိတာ ဘာများဖြစ်လို့လည်း နူတ်လမ်းလေးနမ်း
နှောင်းဇေ သူနူတ်ခမ်းကို ကိုင်ကာ စကားများရပ်တန့်သွားခဲ့သည်
"ဟင် သူတို့ သူတို့က "
---------
" အီးဟီး.. "
ထန်းတော ဘက်မှ ငိုသံတွေက အဆတ်မပြတ် ထွက်လာခဲ့သည်
"တော်ပါတော့ ညိုနှောင်းဇေ ရာ မင်းဝင်လာထဲကငိုနေတာ မမောသေးဘူးလား"
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Фанфикကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024