" ဆွမ်းတော် ဗျို့ "
ဈေးမကြီးရွာထိပ်က ပေါ်ထွက်လာသည့် အသံ
သည်ချိန်ဆို ရွာဦးကျောင်းက ဆွမ်းခံထွက်ချိန်သာဖြစ်သည်
လျှပ်စစ်မီးမရသေးသည့်သာမို့ လမ်းက အနည်းငယ်မှောင်ရီနေစဖြစ်နေသေးသည် ရွာသားများကလည်း ယာထဲဆင်းသူကဆင်း ဝိုင်းထဲအလုပ်ရူပ်သူကရူပ်ဖြင့် ရှိနေသည်မနက်မိုးလင်းထဲက ညိုနှောင်းဇေ မျက်နှာက ပြုံးပျော်နေသည်
"သားငယ် ဘာတွေသဘောကျနေတာ "
" မဟုတ်ရပါဘူး မေမေရာ"
ပြုးစိစိ မျက်နှာဖြင့် ပြောလာသော သားဖြစ်သူကြောင့်ဒေါ်မူယာ လည်း သဘောတကျပြုံးလိုက်မိသည်
" ဒီသားအမိ ဘာတွေများသဘောကျနေကြတာလည်း ဟ"
အဘက ထမ်းလာသော ပေါက်တူး ကို အိမ်အောက်တွင်ထားကာမေးလာသည် အွန်း ယာထဲကပြန်လာတာဖြစ်မည်
" ဒီမယ် ရှင့်သားငယ်လေ ဘာတွေသဘောကျလို့ကျမှန်းမသိ ပြုံးဖီးလို့"
"အဲ့ကောင်က အရင်ကထဲ မျက်နှာပိုးမသေတာ"
" အဘကလည်းဗျာ ကျွန်တော်ကိုဆို တွေ့တာနဲ့ တော်ပြီးဗျာ မဲကျော်တို့နဲ့ ဇဂျမ်းရွာဘက်ပဲ သွားတော့မယ်"
" ညိုနှောင်းဇေ မင်းအဲ့ရွာက ဒေါ်လုံးတင်သမီး မိသဲကို သွားကြောင်နေတာမလား "
" ဟင် အဘက ဘယ္လိုသိ"
" ငါဘယ်လိုသိတာအရေးမကြီးဘူး မင်းသာ ပေါက်ကရမလုပ်နဲ့
မင်းအချိန်တန်ရင် ထန်ရိုင်းစေ နဲ့ပဲယူရမာမမေ့နဲ့"" ဟာဗ်ာ "
" ဟာဗျာတွေ ဟယ်ဗျာတွေ မလိုချင်ဘူး "
" ဟုတ်ကဲ့ပါ ကျုပ် အဲ့ထန်ရိုင်းစေ ဆိုတဲ့ ကောင်ရဲ့ မိန်းမပဲလုပ်ပါမယ် ရပြီးလား"
ညိုနှောင်းဇေ အဘျဖစ်သူကို ရွဲ့ပြောပြီးမှ အိပ်ခန်းပေါက်ဝတွင်သူအား ခါးထောက်လျက် ပြုံးပြုံးကြီးကြည့်နေသော ထန်ရိုင်းစေကို တွေ့တော့သည်
*ဒီကောင်မျက်နှာက ဘာဖြစ်နေတာ မဟုတ်မှ ငါပြောတာများကြားသွားလို့ *
" ဟယ် သားတို့နိုးပြီးလားကွဲ့ "
"ဟုတ်ကဲ့ ဒေါ်ဒေါ် "
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024