"ဟတ်ချိုး "
ခေါင်းတွင်ပုဝါတစ်ထည်ကိုပတ်ကာအိမ်ထောင့်နားလေးတွင်နှာအဆက်မပြတ်ချေနေတော့သည်
"သားငယ် အိမ်ပြန်ရအောင်လားသားကဖျားတော့မှာမေမေသိနေတယ်ရွက်နုတို့ကိုလည်းအားနာစရာကွယ် "
ဒေါ်မူယာမှာမူရွက်နုတို့အိမ်ထိချော့မော့ကာလာပြောရသည် ခေါင်းမာလွန်းသောသူမ၏အချစ်တော်လေးကတော့ ဘူးဆိုဖရုံမသီးသူ့မို့ ချော့မော့ကာပြောရသည်
"ဟအမ်း ဟိုမြို့သားရှိရင်မပြန်ဘူး "
"ခက်တယ်ကွယ် "
"ပြန်ရင်လည်း မြန်မြန်ပြန်နော် တင်ကျွေးထားရတာဆန်ကုန်တယ် "
လှဇော်ကမိန်းမဖြစ်သူရဲ့ဗိုက်လေးကိုပွတ်နေရင်းကာမှနှောင်းဇေအားမျက်စောင်းထိုးကာပြောသည်
"မင်းဆန်စားတာမဟုတ်ဘူး ရွက်နုဆန်ကိုစားတာ"
"အဲ့ဆန်လည်းငါလုပ်ထားရတာ "
" မေမေ ရွက်နု တွေ့လားဒီကောင်ပြောတာကို "
ကလေးတစ်ယောက်လိုပြန်တိုင်နေသောသူကြောင့်အားလုံးရယ်လိုက်ကြသည် ဒေါ်မူယာကနှောင်းဇေနားတိုးကာသူမ၏ပေါင်လေးကိုလက်ဖြင့်ဖွဖွလေးပုတ်ပြတော့ အလိုက်သိသူလေးကသူမပေါင်ပေါ်လှဲချကာအိပ်သည် ဆံပင်ဝဲဝဲလေးများကိုလက်ဖြင့်ပွတ်ပေးရင်းပြုံးနေမိသည် ရွက်နုတို့ကတော့ သားမိတွေအေးဆေးစကားပြောစေရန်အိမ်အနောက်ဘက်သို့ထွက်သွားနှင့်ပြီးဖြစ်သည်
"မေမေသားလေးတောင်အတော်အရွယ်ရောက်လာပြီးပဲ "
"မရောက်သေးပါဘူး "
"ဟားဟားရောက်လို့ပဲယောကျာ်းကို သဝန်တွေတိုတက်နေတာပေါ့ "
"မ..မတိုပါဘူး "
ဒေါ်မူယာကသားဖြစ်သူကိုစရင်းရယ်သည် ထိုနောက်နဖူးကိုငုတ်နမ်းသည် သူမ၏သားကခုရွယ်ထိသနပ်ခါးလူးစမြဲဖြစ်သည်
သားငယ် "
"ဟုတ် မေမေ "
"သားကိုဘာလို့ မောင်ထန်ရိုင်းစေလက်ထဲစိတ်ချလက်ချထည့်ပေးလိုက်လည်း သိလား "
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024