Part 27 ( Uin)

2.9K 118 7
                                    

တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့
ဤညကိုသူခိုးကြီးငတက်ပြားနေ့ဟုမြန်မာအယူအဆတွေ​​ဖြင့်သတ်မှတ်ကြသည် သူတို့၏စျေးမကြီးရွာတွင်လည်းနှစ်စဥ်နှစ်တိုင်းထိုညကိုပျော်ရွှင်စွာဖြတ်သန်းနေကြသည်

" ရိုင်းစေ မင်းတို့လင်မယားက ထွက်မလာသေးဘူးလား "

"လာပါပြီးကိုခန့် နှောင်းဇေမပြီးသေးလို့ ထက်ယံပိုင်တို့ကောပါလာပြီးလား "

"ပါလာပြီး မင်းတို့ပဲကျန်တာ"

ဒီနေ့ညလည်းသူတို့ပျော်မွေ့ရာစိန်ပန်းပင်ကြီးအောက်တွင်ချက်ပြုတ်စားဖို့စီစဥ်ထားကြသည် အပျိုကြီးဖွဲ့ကချက်ပြုတ်ဖို့တာဝန်ယူလျှင်သူတို့ဖွဲ့ကဘူးသီးခိုးဖို့ကြက်ခိုးဖို့တာဝန်ယူရသည် ဘူးသီးကတော့သူကြီးအိမ်နောက်ဘက်ကဘူးစင်မှာတွေ့ထားပြီးကြက်ကတော့ဟိုကောင်လှဇော်ကြက်ဖကြီးကိုချိန်ထားသည် သူကြက်ပျောက်လို့စပ်စပ်ခါနေမဲ့ လှဇော်မျက်နှာကိုမြင်ကြည့်စမ်းချင်သည်

" ဟိုကလေးတွေ အရမ်းလည်းမမွှေခဲ့ကြနဲ့နော် "

"ဟုတ်ကဲ့ပါ အဘ ကျုပ်ဦးဆောင်လိုက်မယ်"

"မင်းဦးဆောင်လို့ကိုပိုကြောက်တာ ထန်ရိုင်းစေအဲ့ကောင်ကိုမျက်စိအောက်ကအပျောက်မခံနဲ့နော် "

ပြီးခဲ့တဲ့ ရွာဦးကျောင်းရဲ့ဆွမ်းစားချိန်တီးတဲ့မောင်းကိုသွားခိုးခဲ့လို့ဆရာတော်တွေဆွမ်းငတ်ခဲ့ရသေးသည် ထိုထဲက ဦးမင်းညိုမှာတနှစ်ကိုတခုမဟုတ်တခုလုပ်တက်လွန်းတဲ့ ညိုနှောင်းဇေ ကို လန့်နေရသည်

"ဗျို့ အပျိုကြီးပိုးတီ "

နှောင်းဇေက ရွာတောင်ပိုင်းဘက်ရောက် အပျိုကြီးပိုးတီ၏အိမ်ရှေ့တွင်မတ်တပ်ရပ်ကာလှမ်းအော်သည်

"ဘာလဲ "

" ဒီနှစ်ကောမလိုက်တော့ဘူးလား"

"မလိုက်စရာလားတော် ရွက်နုတို့လာခေါ်မယ်ဆိုလို့စောင့်နေတာ နင်တို့ကခုစခိုး..အယ် စလူပ်ရှားပြီးလား "

ခိုးမဲ့ကြောင်းကိုအော်ကြီးဟစ်ကျယ်ပြောမိတာကိုသတိရပြီးအပျိုးကြီးကပါးစပ်လေးကိုအသာပိတ်လိုက်သည်

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now