Part - 11 ( Zaw)

1K 28 0
                                    

အရှေ့တွင် လှဲလျောင်းနေသူ၏ လက်နွေးနွေးတို့အား သူပွတ်သတ်ပေးနေမိသည် ခုဆိုသူ ရွာရောက်နေတာ နှစ်ရက်ရှိနေပြီးဖြစ်သော်လည်း နှောင်းဇေမှာတော့ ခုထိမနိုးသေး အနီးနားဆရာပင့်ကာ ပြကြည့်တော့ စိတ်ပူစရာမရှိဘူးလို့ပြောသည် သို့သော် သူစိတ်မအေးနိုင်

" ကိုထန်ရိုင်းစေ နားလိုက်ပါလား ရွက်နုတို့စောင့်နေပေးပါ့မယ် "

"ဟုတ်သားပဲ ရိုင်းစေ မင်းလည်းမအိပ်ရသေးဘူးမလား"

အွန်း သူဒီရောက်ထဲက နှောင်းဇေနားမှာပဲ နေနေခဲ့တာ ခုထိတရေးလေးမျှတောင်မအိပ်ရသေး

" ရတယ် အဘ ကျွန်တော် နှောင်းဇေ နိုးတဲ့ထိ စောင့်အုန်းမယ် "

ဦးမင်းညို လည်း သက်ပြင်းဖွဖွချကာ အခန်းမှထွက်လာခဲ့သည်

" နှောင်းဇေ သတင်းကြားတော့လေ အဘမင်းညိုက ဒုတ်ဆွဲဓားဆွဲနဲ့ ဖိုးထောင် ကိုသွားသတ်မယ်ချည်းပြောနေလို့ မနည်းဆွဲလိုက်ရသေး ဒေါ်လေးဆိုမှာလည်း ငိုတာငိုတာ ငယ်သံပါ ပါတယ်"

ဘေးတွင် မတ်တပ်ရပ်နေသောရွက်နုက နှောင်းဇေအား စောင်ခြုံပေးရင်း အနားတွင်ဝင်ထိုင်ကာ ပြောသည်

"အဲ့ချိန် အနားမှာဘယ်သူမှမရှိကြဘူလား သူ့သူငယ်ချင်းတွေ ကဘယ်ရောက်နေကြလည်း"

"ဖြစ်တာကညဘက်ကြီး နှောင်းဇေ က ဒေါ်လေးခိုင်းလို့သွားတာ
မိုးချုပ်နေတော့ ဟိုကောင်တွေကိုမခေါ်သွားတာဖြစ်မယ် တော်တော်နဲ့ပြန်မလာလို့ လိုက်သွားမှ လှဲကျနေတာတွေ့တော့တာပါပဲ "

ဘေးတိုက်မြင်နေသော ရိုင်းစေ ၏မျက်နှာတွင် ဒေါသထွက်နေသည်အငွေ့သက်များကို ရွက်နု ခံစားနေရသည်

" ဖိုးထောင် ကိုတော့ ရွာကအပြစ်ပေးထားတယ် "

" အပြစ်ပေးလိုက်ရုံနဲ့ ပြီးမလား ခုတောင်အသက်ကိုထိလာတာ နောက်ဆို အဲ့ကောင်မလုပ်ရဲတာရှိမှာမဟုတ်တော့ဘူး"

ဘာမဟုတ်တာလေးနဲ့တောင် ရန်ပြုနိုင်တာ နောက်ထပ် ထိုလူမှာဘယ်လိုအကြံတွေရှိနေမလည်းမသိနိုင် ဝဲကျနေသော နှောင်းဇေ နဖုံးပေါ်ရှိဆံပင်များကို သူအသာအယာ ပင့်တင်ပေးနေမိသည်
သက်ပြင်းတွေချရလွန်းလို့လည်း သူအသက်တိုတော့မည်

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now