ရွာရဲ့ စိန်ပန်းပင်ကြီးအောက်တွင် ပဲစွတ်ပြီးသားအပင်များကို စုပုံ၍ထားကြသည် အေးလာသည့်ခါတွင် ထိုအပင်ခြောက်များကို မီးလောင်စာဖြင့်အသုံးပြု၍ မီးလူံလေ့ရှိကြသည် သို့သော် ဒီရက်ထဲတွင်မူတော့ ထိုအပင်ကြီးအောက်မည်သူမှမသွားရဲကြပေ နေ့ခင်းတွေဆို လူသွားလူလာတွေရှိပေမဲ့ ညနေ နေဝင်ပြီးနောက်မှ ထိုနေရာနှင့် ဝေးရာကိုသာ ပတ်ရှောင်သွားကြသည် အဘယ်ကြောင့်ဆိုတာတော့ အပင်ကြီးရဲ့ မြေပဲပင်ခြောက်ပုံနားတွင် ရယ်သံတွေ စကားပြောသံတွေကြားနေရခြင်းကြောင့်ဖြစ်သည် ရွာထဲက သတိရှိတဲ့လူငယ်တချိူ့သွားရောက်ကြည့်နေပေမဲ့ ထိုအသံကတွေကလွှဲ၍ မည်သူမျှရှိမနေပေ ညတိုင်းဒီလိုဆက်ဖြစ်နေတာမို့ တာဝန်ရှိလူကြီးများကပါ ဝင်ပါလာရတော့သည်သူကြီးဦးဘညွှန်၏ခြံဝိုင်းထဲတွင် ရွာသားများစုဝေးနေကြသည်
" ကဲ ခုလိုခေါ်ရခြင်းကတော့ ရွာအနောက်မြောက်ဘက်က စိန်ပန်းပင်ကြီးအကြောင်းပဲကွဲ "
"ဟာ သူကြီး အဲ့အကြောင်းဆို ကျုပ်ပြန်တော့မယ် "
ရွာသားတွေထဲက သရဲကြောက်တက်တဲ့ ပေါက်တော က ပြောရင်းဆိုရင်း ထရပ်တော့သည်
" ပေါက်တော ပြန်ထိုင်စမ်း မင်းဟာလေ ငါဘာမှတောင်မပြောရသေးဘူး "
" မရဘူး သူကြီး ကျုပ်က အဲ့သတင်းကြားထဲက ရွာတောင်ပြောင်းဖို့စီစဥ်နေပြီး "
ပေါက်တော စကားကြောင့် အားလုံး ဝါးခနဲမြည်အောင် အော်ရယ်ကြတော့သည် တော်တော်လည်း သရဲကြောက်တက်တဲ့သူပါလေ
"သူကြီး ပြောမယ်ဆိုပြောတော့လေဗျာ ကျုပ်တို့က ယာထဲပြန်ဆင်းရအုန်းမှာ "
"အေးပါ မင်းတို့အဘမင်းညိုတို့အိမ်ကမလာကြသေးဘူးကွဲ့ ခနလောက်စောင့်ကြတာပေါ့ "
ရွာထဲ ပြသာနာတစ်ခုခုဖြစ်တိုင်း ဦးမင်းညိုတို့အိမ်ကသာ အဓိက ဦးစားပေးနေရာကအမြဲကူညီတက်တာမို့ခုလိုစည်ဝေးခေါ်ရင်လည်း ထိုအိမ်ကလူရောက်မှသာ အစည်းဝေးစရခြင်းက အကျင့်လိုပင်ဖြစ်နေတက်ကြသည် ခနမျှကြာတော့ ဦးမင်းညိုနှင့်အတူ နှောင်းဇေ ထန်ရိုင်းစေ နန်းသီရိ တို့ ခြံဝိုင်းထဲဝင်လာကာ သူကြီးဘေးတွင် ဝင်ထိုင်လိုက်သည်
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024