" သီရိရယ်နေပါအုန်း ပြောတော့ရွာမှာပျော််ဆို "
ရွာမှာပျော်ဆိုတာ အဲ့လူကြောင့်ပါမသီတာရယ်
"သီရိ "
"ရှင့် အော် အလုပ်တွေချန်ထားခဲ့တာ အတော်ကြာပြီးလေ ဒါကြောင့်ပြန်တော့မလို့ပါ "
နန်းသီရိ ရွာဝင်လမ်းလေးကိုလှမ်းကာကြည့်နေမိသည်
"သူငယ်ချင်းတွေလိုက်မပို့ကြဘူးလား သီရိ "
"အာ မအားကြဘူးထင်တယ် "
သူမစိတ်ထဲအလွန်ပင်ဝမ်းနည်းသည် သူမသာထန်ရိုင်းစေကိုမချစ်ခဲ့သဘောမကျခဲ့ရင်အခြေနေကပြောင်းလဲသွားနိုင်လား ရင်ထဲကခံစားမူတို့ကမျက်နှာတွင်စီးကျမလာခင်သူအားလုံးကိုကျောခိုင်းလိုက်သည် မသီတာတို့မမိခိုင်တို့သည်လည်းစိတ်မကောင်းဖြစ်၍သာနေသည် ဒီရွာသူမဟုတ်ပေမဲ့ သူတို့နဲ့နေ သူတို့နဲ့သာဆော့ကစားခဲ့သောနန်းသီရိကိုမခွဲနိုင်ကြသေး မသီတာကမမိခိုင်ပုခုံးတွင်မျက်နှာအပ်ကာငိုတော့သည်
"သီရိ!"
ခေါ်သံကြားတာမို့ပြန်လှည့်ကာကြည့်လာသူကမျှော်လင့်ချက်များစွာဖြင့်
"ထက်ယံပိုင် "
ပထမဦးစွာသူထက်ယံပိုင်နှင့်သူဘေးကမဲကျော်ကိုသာမြင်သည် နောက်သို့မဝံမရဲစောင်းငဲ့ကြည့်တော့ နူတ်ခမ်းပါးတို့ကပြုံး၍သွားရသည် ထန်ရိုင်းစေကနှောင်းဇေ၏လက်ကိုဆွဲကာသူဆီလာနေသည် နောက်ရွက်နုနဲ့လှဇော်ကလည်း လက်ချင်းချိတ်လျက်
" သီရိ နင်ကလည်း ပြန်တာဘာမှလည်းမပြော ရိုင်းစေပြောမှသိရတယ်"
မနက်ပြန်တော့ ဆိုသည့်စကားတိုင်း ငါကတသွေမတိမ်းနားထောင်မှာကိုနင်ကကြိုသိနေလို့များလား ရိုင်းစေရယ်
"ငါလည်းလောနေလို့ မပြောမိတာ ကိုခန့်ကမပါဘူးလား"
"အေး အဲ့ကောင်နင်ပြန်မယ်ဆိုတာလည်းသိရင် ပြေးထွက်သွားတာပဲ ငါတို့ကဒီကိုလာမယ်လို့ထင်နေတာ "
အော်...နန်းသီရိ ထန်ရိုင်းစေကိုတချက်ကြည့်မိတော့ သူ့ကိုစိုက်ကြည့်နေတာမို့မျက်လွှာသာချပစ်လိုက်မိသည်
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024