ဘာလိုလိုနဲ့သူတို့လက်ထပ်ထားတာ လအတော်ကြာခဲ့ပြီးဖြစ်သည် နေ့တိုင်းသူစိတ်ဆိုးလို့ထန်ရိုင်းစေလိုက်ချော့နေသေးသည် တခါတလေဆို အဘလေးဂွစာကြောင့် သူကပြေး ထန်ရိုင်းစေကလိုက်ကာပေးခဲ့ရတာတွေလည်းရှိဖူးသည်
" အဘနော်လို့ "
"ကလေးမုန့်ပူဆာသလိုလုပ်မနေနဲ့ ဒါကချက်ချင်းလုပ်လို့ပြီးတာမဟုတ်ဘူးကွ "
"အဘကလည်း ဖြည်းဖြည်းချင်းလုပ်သွားလည်းရတာပဲ"
"ယော ဒီကောင်လေးမလည်း ဇွတ်ပါပဲလား "
"မင်းယောကျာ်းကသဘောတူလား သူသဘောတူရင်လုပ်ပေးမယ်"
"ဟားဟားဒါဆိုအဘလုပ်ပေးမယ်စီစဥ်လိုက်တော့ ထန်ရိုင်းစေကကျွန်တော်စကားတစ်ခွန်းပဲဗျ "
လင်ပိုင်တယ်ဆိုတဲ့အပြုံးနဲ့ဂုဏ်ယူနေတဲ့သူကို ဦးမင်းညိုကခေါင်းကိုနာနာလေးကြွေးလိုက်သည်
"အား.အဘ နာတယ်ဗျ "
"ညိုနှောင်းဇေ ညိုနှောင်းဇေ မင်းထန်ရိုင်းစေလေးကိုတအားမနိုင်စားမနေနဲ့အုန်း ဟိုကပစ်သွားမှဖြင့် "
"အဘနော် "
မျက်နှာဆူကာအဘကိုခပ်စူစူလေးပြောလိုက်တော့ အဘကအော်ကာရယ်သည်
"ဒီသားအဘတွေဘာတွေများသဘောကျနေကြတာလည်း"
"ဟ လူစုံတက်စုံပါလား "
"လူစုံတက်စုံဆိုဒိနေ့နှောင်းဇေတို့အိမ်စဆောက်မဲ့နေ့လေအဘရ ဒါကြောင့်ကူဖို့လူစုပြီးလာခဲ့ကြတာ"
ထိုခါမှဦးမင်းညိုကခေါင်းလေးငြိမ့်ရင်းပါးစပ်ထဲကဝါးနေသောကွမ်းကိုဘေးရှိထွေးအင်ထဲထွေးကာထည့်လိုက်သည်
"ဒါဆိုနေမမြင့်ခင်စလုပ်ကြတာပေါ့ ထန်ရိုင်းစေကောအိမ်မာမတွေ့ပါလား "
"အဘသမက်က ဆရာတော်ကျောင်းကိုဆွမ်းပို့တာလိုက်သွားလေရဲ့"
"အေးကောင်းရော ယောကျာ်းဖြစ်သူကမအေကိုဝိုင်းကူ မိန်းမလုပ်သူကအိမ်မှာထိုင်စား"
နှောင်းဇေကရယ်ကာ လာကူတဲ့လူတွေနဲ့အတူ အဘတို့ခြံဝိုင်းရဲ့ခြေရင်းဘက်ကိုထွက်လာလိုက်သည် ခြံကကျယ်တဲ့ထဲပါမို့ခြံဝိုင်းအသစ်ဝယ်မနေတော့ပဲ ဘေးမှာပဲနှစ်ယောက်စာအိမ်လေးဆောက်ဖြစ်သည် ချထားသောအုတ်များသစ်သားများကိုကြည့်ကာသူသက်ပြင်းချလိုက်သည် ဘယ်ကနေဘယ်လိုစကိုင်ရမလည်း
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024